အိမ်မဲ ၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စ ုတောင်စုကျေးရွာ၌ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ပြခန်းများကို ပြင်ဆင်ထားရှိကြောင်း သိရသည်။

အဆိုပါပြခန်းများတွင် ကရင်ရိုးရာတိုင်းရင်းသားရိုးရာပစ္စည်းများဖြစ်သော ဖားစည်၊ စောင်းကောက်၊ ပီးဘား၊ ကဒူး၊ ပလိုင်း၊ ခမောက်၊ ကျွဲချို၊ ကရင်ဆေးတံတို့နှင့် နှစ်ပေါင်း ၁၅၀ ခန့်ရှိ ဆိုင်ခို့ထိတ်အမည်ရှိ အိမ်ထောင်ရှင်မများဝတ်အင်္ကျီများနှင့် ရိုးရာစာပေများ ငြိမ်းချမ်းရေးပြခန်း ကရင်းတိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိပြခန်းများကို ပြင်ဆင်ထားရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

