သိန္နီ ၅ ဇန်နဝါရီ    

 

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအတွင်း   ဇန်နဝါရီ ၄ ရက်နေ့ မွန်လွဲ ၃ နာရီခွဲအချိန်ခန့်က ပူးပေါင်းအဖွဲ့မှ သတင်းအရစောင့်ဆိုင်းနေစဉ် မြွေများတရားမဝင်သယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ရှာဖွေစစ်ဆေးမှုကြောင့် ယာဉ်အမှတ် 3E/------Alphard၏ နောက်ခန်းအတွင်း မြွေမျိုးစုံကို ပလတ်စတစ်ခြင်း (၉၆) ခြင်းဖြင့် ဖုံးအုပ်သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသည်။ ဖမ်းဆီးရမိသည့် မြွေများအား သစ်တောဝန်ထမ်းများမှ အကောင်ရေ (စိစစ်ဆဲ)တွက်ချက်ကာ တရားမဝင်သယ်ဆောင်လာသော မန္တလေးမြို့တွင်း နေထိုင်သည့် ယာဉ်မောင်း (၂)ဦးအား တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ သဘာဝနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေဖြင့် သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

 

ကျော်ကျော်(မလိူင်)