နေပြည်တော် ၅ ဇန်နဝါရီ

နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁၁၁၀၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီက နောင်ချိုမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သန့်ဇင်ဦး မောင်းနှင်ပြီး အောင်ချမ်းသူနှင့် ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်းတို့ လိုက်ပါလာသော HYUNDAI DUMP TRUCK အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေရာ ဆပ်ပြာခွက် ၄၁၈၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၄၁ ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၈၀၀၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သန့်ဇင်ဦး၊ အောင်ချမ်းသူနှင့် ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

MDN