ဘူးသီးတောင် ၅ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ သပြေတောင်ကျေးရွာ ရွာဝင်လမ်းတစ်လျှောက်ရှိ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းကို ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ဝန်ထမ်းများနှင့် ရွာသူရွာသားများ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြသည်။

“အမှိုက်များ ကောက်ယူခြင်းဖြင့် ကျေးရွာရဲ့ပုံရိပ် သာယာလှပလာမယ်။ ရွာအတွင်းဝင်လာတာနဲ့ သန့်ရှင်းနေတာကို မြင်ရတဲ့သူမှာ စိတ်ချမ်းသာမယ်။ အဓိကကတော့ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်က ပြောပြသည်။
ကျေးရွာအတွင်းမှ လုပ်အားပေးသူများကို မုန့်များပေးဝေခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက အမှိုက်စီမံခန့်ခွဲမှု အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)
