မြဝတီ ၆ ဇန်နဝါရီ 

ကရင်ပြည်နယ် မြဝတီမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကာလတန်ဖိုး ၁၉၆၇၀၀၀ဝ ကျပ်ခန့် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား စုစုပေါင်း ၆၅၆၀ ပြားနှင့် မော်တော်ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၃ ရက် ည ၈ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၃၂)မှ ဒုရဲအုပ် ဝင်းငြိမ်းနိုင် ဦးစီးအဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(မြဝတီ)မှ ဒုတပ်ကြပ် တင်လင်းထွန်းနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မူးယစ်ဆေးဝါးသတင်းအရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် အဓိဌာန်ဘုရားအနီး ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ဇာနည်မျိုးထံ အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်ထားသော WY စိတ်ကြွဆေးပြား ၇၉၅ ပြား အလေးချိန် (၇၉.၅)ဂရမ် ကာလတန်ဖိုး ၂၃၈၅၀၀ဝ ကျပ်ခန့်နှင့် ဖုန်းတစ်လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

စစ်ဆေးပေါ်ပေါက်ချက်အရ ည ၈ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့မှ မြဝတီမြို့နယ်၊ ဇရစ်ချောင်းကျေးရွာနေ အောင်မြင့်ဝင်း (ခ) ဖက်ဆု၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ WY စိတ်ကြွဆေးပြား (၅၇၆၅)ပြား အလေးချိန် (၅၇၆.၅)ဂရမ်ခန့် ကာလတန်ဖိုး ၁၇၂၈၅၀၀ဝ ကျပ်ခန့်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ တွေ့ရှိမှုနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)