ရေးသားသူ Dr . Phyu Mon Latt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

ငရုတ်ကောင်းကို ဘာအတွက်အသုံးပြုကြသလဲ

ငရုတ်ကောင်းမှုန့်ကို Piper nigrum အပင်ရဲ့ မမှည့်သေးတဲ့ အသီးကနေပြီးတော့ အခြောက်ခံအမှုန့်လုပ်ခြင်းအားဖြင့် ရရှိပါတယ်။ ငရုတ်ကောင်းကို အစာထဲထည့်စားခြင်းအားဖြင့် အစာအိမ်အူလမ်းကြောင်း လက္ခဏာတွေနဲ့ အောက်ပါလက္ခဏာတွေအတွက် အသုံးပြုပါတယ်။

-    လေတက်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အစာအိမ်နာခြင်း
-    အစားအသောက်ပျက်ခြင်း
-    အစာအိမ် အနာဖြစ်ခြင်း
-    ဗိုက်နာခြင်း၊ ဗိုက်အောင့်ဖြင်း
-    ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း
-    လေပြွန်ရောင်ခြင်း
-    ကင်ဆာရောဂါ

ငရုတ်ကောင်းကို အဆစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုကုသဖို့ အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို လှုံ့ဆော်ဖို့လည်း သုံးကြပါတယ်။ ငရုတ်ကောင်းကို အာရုံကြောကြောင့် နာကျင်ခြင်းနဲ့ ဝဲပေါက်ခြင်းတွေမှာလည်း လိမ်းဆေးအဖြစ် အသုံးပြုကြပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ငရုတ်ကောင်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမိုသိလိုတဲ့ အချက်အလက်တွေရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အချို့လေ့လာမှုတွေက ငရုတ်ကောင်းဟာ microbes တွေကို တိုက်ခိုက်နိုင်ပြီး အစာအိမ်ကို အစာခြေရည်တွေ ပိုမိုစီးဆင်းအောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကင်ဆာရောဂါမှာ သူတို့ရဲ့ အစွမ်းကတော့ အငြင်းပွားဖွယ်ပဲဖြစ်ပါတယ်။ အချို့သက်သေပြချက်တွေက ငရုတ်ကောင်းဟာ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အချို့ကတော့ သူဟာ အသည်းကင်ဆာ ဖြစ်စေတယ်လို့ ဆိုပါတယ်။

Alkaloids တစ်မျိုးဖြစ်တဲ့ piperine ဟာ ငရုတ်ကောင်းရဲ့ antiandrogenic နဲ့ အရောင်ကျတဲ့ အစွမ်းကို ဖြစ်ပေါ်စေပြီး အသည်းကို ကာကွယ်ပေးနိုင်ပါတယ်။ Amide feruperine ဟာ antioxidant တစ်မျိုး ဖြစ်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ငရုတ်ကောင်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ငရုတ်ကောင်းကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ဓါတ်မတည့်တဲ့ လက္ခဏာတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် ငရုတ်ကောင်းကို အသုံးမပြုသင့်တော့ပဲ antihistamine (သို့) အခြားသင့်လျော်တဲ့ နည်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမိုသိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ငရုတ်ကောင်း က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်တွေမှာ အစားအသောက်ထဲမှာ ငရုတ်ကောင်း ထည့်သွင်းစားသောက်နိုင်ပါတယ်။ ပမာဏအများကြီးစားခြင်းဟာတော့ လုံခြုံစိတ်ချရမှု မရှိပါဘူး။ ငရုတ်ကောင်းကို ပမာဏအများကြီး စားသုံးခြင်းဟာ ကလေးပျက်ကျစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ကိုအရေပြားပေါ် လိမ်းခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ရှိစဉ်မှာ ငရုတ်ကောင်းလိမ်းခြင်းနဲ့ ပတ်သက်တဲ့ စိတ်ချရမှုကို သက်သေပြထားခြင်း မရှိပါဘူး။

နို့တိုက်နေရင်တော့ အစာထဲမှာပါတဲ့ ငရုတ်ကောင်းပမာဏကို ကန့်သတ်သင့်ပါတယ်။ ပမာဏအများကြီး သောက်သုံးခြင်းရဲ့ စိတ်ချရမှုကို သိရှိခြင်း မရှိပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ငရုတ်ကောင်းကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
ငရုတ်ကောင်းကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

-    မျက်လုံးယားခြင်း၊ ရောင်ခြင်း
-    ဓါတ်မတည့်ခြင်း
-    ကင်ဆာဖြစ်စေခြင်း အနည်းငယ်
-    ကလေးတွေမှာ ပမာဏ အများကြီးသုံးရင် အသက်ရှူ ရပ်နိုင်ပါတယ်။

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

ငရုတ်ကောင်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ
ငရုတ်ကောင်းဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ငရုတ်ကောင်းဟာ ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်။ ငရုတ်ကောင်းစားသုံးခြင်းဟာ ကိုယ်ခန္ဓာက lithium ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ဒါဟာ သွေးထဲမှာ ရှိတဲ့ lithium ပမာဏကို တိုးတက်စေပြီး ပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ငရုတ်ကောင်းနဲ့ ဓါတ်ပြုတဲ့ ဆေးတွေရဲ့ အာနိသင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ ဆေးတွေကတော့ Cytochrome P450, Phenytoin, Propranolol, Theophylline တို့ပဲဖြစ်ပါတယ်။

Cytochrome P450, Phenytoin, Propranolol, Theophylline တို့ရဲ့ သွေးစစ်ဆေးမှု အဖြေတွေ ပြောင်းလဲနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည် သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ငရုတ်ကောင်းအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
တစ်နေ့ကို ငရုတ်ကောင်း 300-500mg စားသုံးနိုင်ပြီး အများဆုံးကတော့ တစ်နေ့ကို 1.5g မကျော်သင့်ပါဘူး။

ငရုတ်ကောင်းကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ငရုတ်ကောင်းက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ငရုတ်ကောင်းကို အမှုန့် ပုံစံနဲ့ ရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”