ကျိုက်ထို  ၂၆  သြဂုတ်

ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်တွင် ယနေ့နံနက် ၄ နာရီခန့်က အမြင့်ပေ ၄၀ ခန့်၊ လုံးပတ် ၂၅ ပေခန့်ရှိ ညောင်ပင် ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။

 

8

 

အဆိုပါ ညောင်ပင်လဲပြိုမှုကြောင့် တောင်သူစုရပ်ကွက်နေ ဦးကျော်ရှိန်၏ ခြေတံရှည် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်ပေါ်သို့ လဲကျခဲ့သဖြင့် နေအိမ်ပျက်စီးခဲ့ကြောင်း သိရသည်။

နေအိမ်ပျက်စီးဆုံးရှုံးခဲ့သော်လည်း လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)