နေပြည်တော် ၂၀ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေးသည် အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး၊ နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio KawaKami ဦးဆောင်သည့် အဖွဲ့အားယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရန်ကုန်မြို့၌ ဂျပန်-မြန်မာသက်မွေးဝမ်းကျောင်းသင်တန်း (အောင်ဆန်း)ကို ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရေး၊ မန္တလေးမြို့တွင် နည်းပညာ သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)