ရန်ကုန် ၉ မတ်
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် - ရန်ကုန် ရွှေရတု ခန်းမ၌ ကျောင်းသား/ ကျောင်းသူများ လိမ္မာရေးခြား ရှိစေရေး၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးနှင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို တန်ဖိုးထား လေးစားတတ်စေရေးတို့အတွက် ရည်ရွယ်၍ Personal and Professional Development (PPD) အစီအစဉ် စာပေဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပရာ စာရေးဆရာ နေဘုန်းလတ်က “ လူနှင့်လမ်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ ပုညခင်က “ပုထုဇဉ်နှင့် စိတ်ဝိညာဉ်” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)