မန္တလေး ၁၄ မတ်

 

မန္တလေး - မန္တလေးဆေးရုံကြီးမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက်ဖြေဆိုသူ သုံးဦးရှိကြောင်း  မန္တလေး  အထွေထွေ ရောဂါကု ဆေးရုံကြီး၊ ဆေးလူမှုဆက်ဆံရေးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်တန်း စတင်ဖြေဆိုသည့် မတ်လ ၇ ရက်မှ ၉ ရက်အထိ ဆေးရုံတွင် ဖြေဆိုသူ တစ်ဦး သာရှိပြီး ယနေ့မှာ သုံးဦးဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

 

"အကုန်လုံးက ကျောင်းသူတွေပါ။ ၁၂ ရက်နေ့က တက်တဲ့  ကျောင်းသူတစ်ဦးက  ကျောင်းခန်းထဲမှာ   ဖြေနေရင်းနဲ့ ဒီကိုရောက်လာတာ။ နောက်တစ်ယောက်က အစားမှားလို့၊ တနင်္လာနေ့ည ၁၂ ရက်ညမှာ လာတက်တယ်" ဟု မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး၊ ဆေးလုမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်ကပြောသည်။

 

ဖြေဆိုသူ သုံးဦးထဲတွင် သိပ္ပံဘာသာရပ် ဖြေဆိုသူ ၂ ဦးနှင့် ဝိဇ္ဇာဘာသာရပ် ဖြေဆိုသူ တစ်ဦးရှိကြောင်း သိရသည်။  ပြီးခဲ့သည်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုသူ ၇ ဦးရှိခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင်