နေပြည်တော် ၁၂ မတ်
၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီက ဖြေဆိုခဲ့ကြသည်။
စာစစ်ဌာနအသီးသီးတွင် ဓာတုဗေဒဘာသာဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၄၁၆၇၆ ဦးအထိရှိကာ ယနေ့တွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၆၉၄၃၇၁ ဦး ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၄၇၃၀၅ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၃ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
MDN