မိုးကောင်း  ၆  ဇန်နဝါရီ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဈေးကုန်းရပ်ကွက်ရှိ နန့်ကောင်းရိပ်သာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မိုးကောင်းမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးခန်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မကြီးနှင့် တာဝန်ရှိသူများက ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အဆိုပါ ရုံးလုပ်ငန်းနှင့် ပတ်သက်သည်များကို ရုံးအဖွဲ့ဝင် ဦးလွမ်းခိုင်က မြို့နယ် အထောက်အကူ ပေးရေးအဖွဲ့ ပေါ်ပေါက်လာပုံနှင့် ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အခြေခံမူများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်းအင်အား ၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)

 

mdn