အင်္ဂပူ  ၆  ဇန်နဝါရီ

အင်္ဂပူမြို့နယ် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် မြို့နယ် OSS ရုံးမှ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများ အများပြည်သူသို့ ဆောင်ရွက်ပေးမှု အခြေအနေများအား အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးက နိုင်ငံသားလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးက မြို့နယ် OSS ရုံးမှ ဌာနဆိုင်ရာများနှင့် မိတ်ဆက်ပေးခဲ့ကာ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်များ အများပြည်သူသို့ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ရာ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြသန်းနှင့် ကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။

ရှမ်းခေါင်းဗြဲကျေးရွာ အုပ်စုအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများအား အသက် (၁၀)နှစ်ပြည့် အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၁၂၂ ဦး၊ အသက် (၁၈)နှစ်ပြည့် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၅၉ ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ၄၀၀ ဦးခန့်အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်ဆက်)

 

mdn