မောင်တော ၆ ဇန်နဝါရီ 

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မအရှေ့ရပ်ကွက်ရှိ ပြည်သူ့အလင်း ခေတ်မီစာကြည့်တိုက် ပြန်လည်ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ က ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ပြည်သူ့အလင်း ခေတ်မီစာကြည့်တိုက်ကို ၂၀၀၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၁၂ အကြမ်းဖက် ဖြစ်စဉ်နောက်ပိုင်း စာကြည့်တိုက်မှာ နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် ပိတ်ထားခဲ့ရပြီး စာကြည့်တိုက်မှာ ပျက်စီးယိုယွင်းနေမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေ ငွေကျပ် သိန်း ၁၇၀ ဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှကြီးမှူး၍ ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ မောင်တောဒေသ နယ်မြေတည်ငြိမ်နေပြီး ဖြစ်သဖြင့် စာကြည့်တိုက် ပြန်လည်ရှင်သန်လာစေရေးအတွက် အင်တာနက် ဝိုင်ဖိုင်များ တပ်ဆင်ထားရှိရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ အင်တာနက် ဝိုင်ဖိုင် အခမဲ့အသုံးပြုပြီး အင်တာနက်မှတစ်ဆင့် စာအုပ်၊ စာပေများ၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေများ ချစ်မြတ်နိုးလာစေရန် ရည်ရွယ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်ထားလျက်ရှိကြောင်း စာကြည့်တိုက်အတွင်းရေးမှူး ဦးဦးခင်မောင်က ပြောသည်။

အဆိုပါ စာကြည့်တိုက် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် စာရေးဆရာ ဦးညှိလှဖြူ (မောင်တော)နှင့် ဦးအောင်စံသိန်းတို့မှ စာအုပ်၊ စာစောင်များ လှူဒါန်းပေးပြီး စာကြည့်တိုက် အတွင်းရေးမှူး ဦးဦးခင်မောင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

 

mdn