မြစ်ကြီးနား ၂၄ ဧပြီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စာရေးဆရာ ကဗျာဆရာများနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ “စာပေမြင့်မှ လူမျိုးတင့်မည်” ဟူသော ဆောင်ပုဒ်ဖြင့် (၁၀)ကြိမ်မြောက် ညောင်ညိုရိပ် စာပေစကားဝိုင်းကို ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စာပေစကားဝိုင်း၌ ကဗျာ, ဝတ္ထုတို, ရသစာတမ်း, တစ်ကွက်ဟာသ, မှတ်သားစရာအတိုအထွာ, စာပေသဘောတရားနှင့် ခံစားမှုအတွေးရသများကို ရွတ်ဆို ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းအောင်