နေပြည်တော်  ၆   ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်ထမ်းဆောင်စဉ် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၏ မိသားစု နေအိမ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ သွားရောက်ကြည့်ရှု နှစ်သိမ့်အားပေးစကားများပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများအား သွားရောက်ပေးအပ်လျက်ရှိသည်။

 

ဇန်နဝါရီ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ် ဦးစီးသည့် တပ်ဖွဲ့ဝင်များက မကွေးမြို့၊ အောင်စေတနာ (A)(၃)လမ်းသို့ သွားရောက်၍ ရဲမှူး စိုင်းဘိုဟန်၏ ကျန်ရစ်သူ မိသားစုနှင့်တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားပြောကြားပြီး ဇနီးဖြစ်သူ ဒေါ်သီတာဦးထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်နိုင်ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ညောင်တုန်းမြို့၊ (၉)ရပ်ကွက်သို့ သွားရောက်၍ ဒုတိယရဲအုပ် မြင့်လွင် ၏ ကျန်ရစ်သူမိသားစုနှင့်တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားပြောကြားပြီး ဇနီးဖြစ်သူ ဒေါ်မိုးမိုးခိုင်ထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀)သိန်းကို လည်းကောင်း၊ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး တင်ရွှေဦးစီးသည့် တပ်ဖွဲ့ဝင်များက ရဲတပ်သား ကိုကိုလတ်၏ ကျန်ရစ်သူ မိသားစုအား လွိုင်ကော်မြို့၌ သွားရောက်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားပြောကြားပြီး အစ်ကိုဖြစ်သူ ကိုကျော်ထူးအောင်ထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀) သိန်းကိုလည်းကောင်း၊ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့နယ်၊ နောင်လျန်(၂) ကျေးရွာသို့ သွားရောက်ကာ ရဲတပ်သား ဖားဖာ့၏ ကျန်ရစ်သူမိသားစုများနှင့်တွေ့ဆုံကာ နှစ်သိမ့်အားပေးစကား ပြောကြားပြီး ဖခင်ဖြစ်သူ ဦးအားချေးထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀)သိန်းနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်(၅)သိန်း၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်(၂)သိန်းတို့အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)

 

1111.