ဝတ်ရည်ခင်(ပဲခူး)

 

ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံလူမျိုးအသီးသီးတို့သည် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိနိုင်ငံ တိုးတက်ထွန်းကားမှုအတွက် “ပညာရေး” ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြပါသည်။ နိုင်ငံသားကောင်းအသိစိတ်ဓာတ်အပြည့်အဝရှိ၍ တီထွင်ဖန်တီးနိုင်ခြင်း၊ လူမှုရေး အသိစိတ်ဓာတ်မြင့်မားခြင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်စသည့် အရည်အသွေးများ အပြည့်အဝရှိသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေးအတွက် လူသားစွမ်းရည်ရင်းမြစ်များကို လေ့ကျင့်ပျိုးထောင်ပေးရာတွင် အခြေခံပညာရေးကဏ္ဍသည် အဓိကအကျဆုံးကဏ္ဍဖြစ်ပါသည်။

 

 

ယနေ့ခေတ်ကာလသည် “ပညာခေတ်” သို့ ပြောင်းလဲ နေပြီဖြစ်ရာ လူသားစွမ်းရည်ရင်းမြစ်များ ပေါ်ထွန်းလာရေး အတွက် “ပညာရေး” သည် ပဓာနမဏ္ဍိုင်ဖြစ်ပါသည်။

“ပညာပြည့်ဝ၊ နှလုံးလှသော်

ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျင်

ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ

ပြီးနိုင်စွာ၏

ဟူသည့်အတိုင်း ပညာရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်း ရတနာများ ပေါ်ထွက်လာလျှင် တိုင်းပြည်၏ အနာဂတ်လည်း တောက်ပြောင်လာမည်ဖြစ်ပေသည်။ ယနေ့ အာရှနိုင်ငံအချို့ တွင် လူငယ်များ၏ စာရိတ္တယိမ်းယိုင်ပျက်စီးလာနေချိန်၌ မြန်မာ နိုင်ငံတွင် အခြားအာဆီယံနိုင်ငံများထက်ပို၍ ထူးချွန်ထက်မြက် သော ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာခဲ့သည်။ အီလက်ထရောနစ်သင်နည်း အထောက်အကူပစ္စည်းများကို လည်း ကိုယ်ပိုင်ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုလာနိုင်ကြ သည်။ “အပြောမဟုတ်၊ အလုပ်သက်သေ” ဆိုသကဲ့သို့ “ကိုယ်တိုင်လေ့လာ ပညာရှာ” ဟူသော အလေ့အကျင့်ကောင်း များ ရရှိနေကြပြီဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ပညာရေးကို များစွာတန်ဖိုးထားမြှင့်တင်နေသည့်အလျောက် “၂၁- ရာစု က္ဘာ့ရွာ၊ ပညာသည်သာ ရတနာ” ဟူသော ဆောင်ပုဒ်ကို လည်း လေးစားလက်ကိုင်ထားပါသည်။ လူသားစွမ်းရည်အရင်း အမြစ်များ ဖွံ့ ဖြိုးရေးအတွက် “ပညာ” သည် အထူးအရေးပါ ကြောင်း ဖော်ထုတ်ပြသပါသည်။

 

ပညာရေး၏အရေးပါမှု

လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန်အတွက် စည်းကမ်းကောင်းမွန်ခြင်း၊ စိတ်ဓာတ်မြင့်မြတ်ခြင်း၊ ယဉ်ကျေး သိမ်မွေ့ ခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊ ထူးချွန်ထက်မြက်ခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံသော နိုင်ငံသားကောင်း များကို မွေးထုတ်ပေးရပါမည်။ မြန်မာ့အတိတ်သမိုင်းတွင် သူ့ကျွန်မခံတော်လှန်သောစိတ်ကို အရင်းခံ၍ မြန်မာ့ဦးစွန်း ပြန်လည်တံခွန်ထူနိုင်ခြင်း၊ သူ့ကျွန်ဘဝမှ သခင်ဘဝသို့ ရောက် အောင် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ခြင်းများ၏ ‘အား’ မှာ ‘ပညာအား’ ကို အခြေခံခဲ့ပါသည်။

“မြန်မာစာသည် တို့စာ

မြန်မာစကားသည် တို့စကား

သခင်မျိုးဟေ့ ဒို့ဗမာ

ဆိုသည့် ြွေကးကြော်သံများသည် စာသင်ခန်းများ၊ စာသင် ကျောင်းများမှ ပေါ်ထွက်လာခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ် အပြည့်အဝဖြင့် ကြိုးပမ်းခဲ့ကြသည်မှာ ပညာအားပင်ဖြစ်ပါ သည်။ နိုင်ငံတစ်ခု၏ အသက်သည် “ပညာရေး” ပင် ဖြစ်သည်။ ရေမြင့်လျှင် ကြာတင့်ဆိုသလို ပညာရေးမြင့်လျှင် နိုင်ငံသည် ဖွံ့ ဖြိုးတိုးတက်မှုမြင့်မည်။ ပညာရေးနိမ့်လျှင် နိုင်ငံ၏ ဖွံ့ ဖြိုး တိုးတက်မှု နိမ့်ကျသွားမည်ဖြစ်သည်။ ၂၁-ရာစုတွင် နိုင်ငံ အသီးသီးအတွက် အောင်မြင်မှုအထွတ်အထိပ်များကို ကျော် လွှားတက်ရောက်နိုင်စေမည့် အရေးကြီးဆုံးအရာမှာ “ပညာရေး” သာဖြစ်သည်ဟု ခံယူလာကြသည်။ပညာသည် နိုင်ငံ၏ လူမှုစီးပွားရေး၊ နိုင်ငံတိုးတက်မှု အတွက်သာမဟုတ် အမျိုးသားဘဝလုံခြုံရေး၊ အမျိုးသားဘဝ ရှင်သန်ရပ်တည်ရေးအထိ အရေးပါကြောင်း အသိအမှတ်ပြု လာကြသည်။ ပညာကို ဗဟိုပြု၍ နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရမည့် ပညာခေတ်ဖြစ်လာခဲ့ပေသည်။

 “ပညာခေတ်” တွင် လူတိုင်းပညာရစေရန် လူတိုင်း အတွက် ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်လျက် ရှိပါသည်။ “ပညာခေတ်” တွင် လူသားစွမ်းရည်ဖွံ့ ဖြိုးတိုးတက် မှုမှာ အလွန်လိုအပ်ပါသည်။ ထို့ကြောင့် လူသားစွမ်းရည်ဖွံ့ ဖြိုးတိုးတက်လာစေရန်အတွက် “ပညာရေး”၏ အခန်းကဏ္ဍမှာ အဓိကအရေးကြီးပါသည်။ ‘ပညာ’ ၏ အခြေခံသည် ‘စာ’ ဖြစ် သည်။ စာတတ်မှ စာဖတ်နိုင်မည်။ စာဖတ်နိုင်မှ ပညာတတ်မည် ဖြစ်သည်။ သို့သော် ၁၈၈၅ ခုနှစ်နောက်ပိုင်း ကိုလိုနီခေတ်ဦးမှ စ၍ မြန်မာတို့၏ စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရပါသည်။ တောင်ပေါ်နှင့် မြေပြန့်၊ ကျေးလက်နှင့် မြို့ ပြတို့ကို သွေးခွဲအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး မြန်မာ တို့၏ လူတိုင်းစာတတ်မြောက်ရေးအခွင့်အလမ်းကို ပိတ်ဆို့ထား ခဲ့သည်။

“စာပေမတတ်၊ လက်ဗွေအမှတ်၊ ကြက်ခြေခတ်”

ရသောဘဝသို့ မရောက်ရောက်အောင် နည်းမျိုးစုံဖြင့် တွန်းပို့ခဲ့သည်။

ဆရာကြီးမင်းသုဝဏ်၏ ‘တို့မလေး’ ကဗျာတွင်

ချစ်သူနှင့်ဝေး၊ တို့မလေးကား

ရေးလည်းမတတ်၊ ဖတ်မတတ်နှင့်

စာငတ်ပေငတ်၊ အသိငတ်သည်

မတ်တတ်ခြောက်သည့် သစ်ပင်လို

ဆိုသကဲ့သို့ ‘အသိပညာ’ ငတ်မွတ်ခဲ့ကြလျှင် မတ်တတ် ခြောက်သွေ့သည့် သစ်ပင်လို ရှင်လျက်နှင့် သေနေသည့်ဘဝသို့ရောက်ကြရပေမည်။

 

စာတတ်မြောက်ရေးလှုပ်ရှားမှု

လွတ်လပ်ရေးရပြီးသောအခါ မြန်မာတို့သည် “မုန်တိုင်း သို့သန်၊ လှိုင်းသို့ထန်၊ တောင်ယံသို့မောက်၊ ကျောက်သား သို့မာ” သော မြန်မာ့စိတ်ဓာတ်ဖြင့် လူတိုင်းစာတတ်စေရန် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် လူထုပညာရေး အက်ဥပဒေကို ပြဋ္ဌာန်းပြီး ‘အ’ သုံးလုံး ကျေးသင်တန်းများ ပို့ချခဲ့ပါသည်။ ၁၉၅၂ ခုနှစ်သို့ရောက်သောအခါ ဘဝသစ် ဖန်တီးမှုပညာရေးစီမံကိန်းများဖြင့် စာတတ်မြောက်ရေးလုပ်ငန်း စဉ်ကို မြှင့်တင်ခဲ့သည်။ ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၈ ရက် နေ့တွင် ယူနက်စကိုအဖွဲ့ ကြီးက “မိုဟာမက်ရီဇာပါလာဗီ” ဆု၊ ၁၉၈၃ ခုနှစ်တွင် “နိုမာဆု” များချီးမြှင့်၍ အသိအမှတ် ပြုခဲ့သည်။ ထို့အပြင် ၁၉၉၀ ပြည့်နှစ်တွင် ကုလသမဂ္ဂ၏ စာမတတ်သူပပျောက်ရေး “ပူလစ်ဇာ” ဆုကို ရရှိခဲ့ပြန်ပါသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးစွမ်းဆောင်မှု ၏ရလဒ်ကို က္ဘာကသိအောင် ဖော်ထုတ်ပြသနိုင်ခဲ့ခြင်း ဖြစ်ပါ သည်။

 “ပညြွာကယ်မှ လူမျိုးထည့်၍”

“ပညာတုံးလျှင် လူမျိုးဆုံးမည်” ဖြစ်သည်။

အမျိုးသားရေးရည်မှန်းချက်သည် ပညာရေးအတွက် “တက်ကုန်ဖွင့်၊ ရွက်စုံလွှင့်၊ ဘက်စုံမြင့်” ကာ လူတိုင်းအတွက် ပညာရေး၏ ဗဟိုချက်မအခြေခံအဖြစ် လူတိုင်းအတွက် စာတတ်မြောက်ရေးကို ချမှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့နှင့် က္ဘာ့အဖွဲ့ အစည်းများဖြစ်သော ယူနီဆက်ဖ်၊ ယူနက်စကို၊ ယူအန်ဒီပီတို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ၂၀ဝဝ ပြည့်နှစ် မတ်လတွင် မြန်မာ နိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာနကို ထူထောင်ခဲ့ပြီးဖြစ်သည်။ “စာတတ်မြောက်ရေး” အတွက် နိုင်ငံတော်အစိုးရတစ်ခုတည်းသာမက ပြည်သူလူထုကပါ ဝိုင်းဝန်းကူညီဆောင်ရွက်ရပါမည်။ ထို့ကြောင့်လည်း ဆင်းရဲခြင်း သံသရာစက်ဝန်း၏ အဓိကသော့ချက်ဖြစ်သော “စာမတတ်မှု” ကို တစ်စတစ်စ ချေဖျက်လာနိုင်ပြီဖြစ်သည်။  “Today the reader, Tomorrow the leader” ဟူသော အနောက် တိုင်းစကားပုံအရ ယနေ့စာဖတ်သူသည် အနာဂတ်တွင် တိုင်းပြည်ကို ဦးဆောင်နိုင်သူဖြစ်မည်ဆိုသည်ကို မည်သူကမျှ ငြင်းနိုင်မည်မထင်ပါ။

 

ပညာသင်ယူနိုင်ခွင့်

နိုင်ငံတော်က လူတိုင်းပညာသင်ယူနိုင်မည့် အခွင့်အလမ်း များကို ဖန်တီးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ပညာသင်ယူနိုင် ခွင့်နှင့် စပ်လျဉ်း၍ ကျား၊ မ မခွဲခြားဘဲ တန်းတူအခွင့်အရေး ရှိပါသည်။ နည်းလမ်းအားဖြင့် ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးနှင့် ကိုယ်တိုင်သင်ယူပညာရေးဟူ၍ သုံးသွယ်ရှိပါသည်။ နိုင်ငံတော်နှင့် ပြည်သူပူးပေါင်းလျက် အစဉ် သင်ယူနေသည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ဖြစ်ထွန်းပေါ် ပေါက်လာရေးတွင် အရေးပါလှသော စာကြည့်တိုက်များကိုမြို့ ရွာအနှံ့၊ ကျေးရွာအနှံ့ ဖွင့်လှစ်ပေးခဲ့သည်။ ယခုကဲ့သို့ တောင်ပေါ်မြေပြန့်ဒေသအားလုံးမှ တိုင်းရင်းသားအားလုံး တို့အကြား မလပ်အခွဲအခြားမရှိ တစ်ပြေးညီ စာတတ်မြောက် ခွင့်၊ ပညာသင်ကြားခွင့်ရခြင်းမှာ မည်သည့်ခေတ်ကမျှ မရဖူး သော အခွင့်အလမ်းဖြစ်ပါသည်။

“တံခွန်မရှိသောဘုရား၊ အလံမရှိသောရထား” သည် မတင့်တယ်ဟု ဆိုကြပါသည်။ ထို့အတူ “ပညာမတတ်သော သူ၊ စာမတတ်သောသူ” သည်လည်း လောကနယ်ပယ်တွင် ဝင်မဆံ့နိုင်ပါ။ “ကြာရိုး၏ အတိုင်းအရှည်သည် ရေအတိမ် အနက်ကိုပြသည်” ဆိုသကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက် မှုအတိုင်းအတာကို ထိုနိုင်ငံသားတို့၏ “ပညာ” တတ်မြောက်မှု နှုန်းက သိသာစေပါသည်။

“ပညာ” သည် လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် ရေသောက်မြစ်ဖြစ်သည်။ နိုင်ငံနှင့် လူမျိုး၏ အသက်ဝိညာဉ် ဖြစ်သည့် အသိ “ပညာ” ကို “စာပေ” မှရသည်။ အလိမ္မာ စာမှာရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ လမ်းòန်မှု၊ ပညာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် (၂၀၁၅) ခုနှစ်မတိုင်မီအတွင်း မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းကို ၉၅ ဒသမ ၅၀ ရာခိုင်နှုန်းအထိ ရရှိအောင် နေ့မအား ညမနား စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉၆၇ ခုနှစ် တီဟီရန်မြို့မှ သနေ ̈တည်ခဲ့သော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် (၅၂) နှစ်မြောက်ပြီဖြစ်သည်။ နိုင်ငံတကာ စာတတ် မြောက်ရေးနေ့သည် က္ဘာ့နိုင်ငံအသီးသီးအတွက် “နေ့ထူး” တစ်နေ့ဖြစ်သကဲ့သို့ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများ တွင် စာတတ်မှုနှုန်းအဆင့်မြင့်မားသည့် (က) အုပ်စုစာရင်းဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက်လည်း “နေ့မြတ်” တစ်ရက် ဖြစ်ပါသည်။ သဘာဝသယံဇာတ ပြွေါကယ်ဝသည့် ကျွန်ုပ်တို့ နိုင်ငံသည် ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲ၊ ရေနံတို့နှင့် ပြည့်စုံနေသော နိုင်ငံတော်ကြီးပင်ဖြစ်သည်။ ထိုသဘာဝသယံဇာတများကို အကျိုးရှိစွာဖော်ထုတ်အသုံးချ နိုင်စွမ်းရှိသည့် နိုင်ငံ့စွမ်းအားနှင့် လူသားအရင်းအမြစ် တိုးတက် ပေါ်ထွန်းလာမှုအတွက် “ပညာစွမ်းပကား” ဖြင့် အစွမ်းကုန် မနေမနား ကြိုးစားဖော်ဆောင်ထားကြရန် ဖြစ်ပါသည်။ ရှေးက စံအိမ်ကို စိန်နှင့်မွမ်းမည်ဟု ဆိုရိုးစကားရှိခဲ့ပါသည်။ ယနေ့ ခေတ်တွင်မူ စံအိမ်ကို ပညာနှင့် မွမ်းပါမှ စံအိမ်၏တန်ဖိုး မြင့်မား လာမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားအပေါင်း တို့သည် ဘိုးဘွားအမွေအနှစ် အစစ်အမှန်ဖြစ်သော ဤပြည် ထောင်စုကြီးကို တန်ဖိုးမဖြတ်နိုင်သော ပညာရည်ဖြင့် က္ဘာ့ အလယ်တွင် အလှပဆုံး ခြယ်မှုန်းနိုင်ကြပါမည်။

“နေနှုန်းပမာ၊ ဘုန်းရောင်ဖြာသော

 ဇမ္ဗူရွှေခေတ်၊ နိုင်ငံသစ်သို့

 ချီတက်ကြပါစို့

ဟု အဓိဋ္ဌာန်ပြုရင်း

(က)ရဟန်းရှင်လူ ပြည်သူများအနေဖြင့် စာတတ် မြောက်ရေးကြိုးပမ်းလှုပ်ရှား ဆောင်ရွက်မှုတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် နက်နက်ရှိုင်းရှိုင်း သိရှိ ပါဝင် ဆောင်ရွက်လာကြစေရန်

( ခ )လူတိုင်း လူတိုင်း စာတတ်မြောက်လာသည်အထိ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမှုအတွက် ထိရောက်စွာ တွန်းအားပေးစေရေးဟူသော ရည်ရွယ်ချက်များနှင့် စာပေတတ်ကျွမ်းပညာပန်းကို ဆင်မြန်းကိုယ်စီ စွမ်းဆောင်မည် ဆိုရှိသလို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသည့် (၅၂) နှစ်မြောက် နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ။ မြန်မာ့အလင်း