၇ ဇန်နဝါရီ
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၂/၂၀၁၉)
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့ သွားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် မိုင်(၁၂၀)ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အနောက်မြောက်ဘက် မိုင် (၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေရှိနိုင်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၂.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၁၀ဝ၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။
သတိပေးနှိုးဆော်ချက်
(က) မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။
(ခ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
အဆိုပါ မုန်တိုင်းငယ်(Depression) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြု ရှောင်ရှားကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားကြောင်း သိရသည်။
MDN