ရန်ကုန် ၇ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ကျော်ကျော်ဝင်း ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဇန်နဝါရီ ၆ ရက် ည ၁၀ နာရီ ၄၅မိနစ်ခန့်က အမှတ်(၉၄)ရပ်ကွက်(စီ)အင်ကြင်းလမ်းနေ နိုင်ငြိမ်း၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် နိုင်ငြိမ်း၊ မဇင်မာတင်၊ သက်နောင်ထွန်း (ခ) ယူနွတ်တို့ သုံးဦး အားတွေ့ရှိပြီး နေအိမ်တွင် WYစာတမ်းပါ(ပန်းရောင်) စိတ်ကြွဆေးပြား ၅၀၂ ပြား၊ ဆေးခြောက် ၃ ကျပ်သား၊ ငှက်ကြီးတောင်ဓား နှစ်ချောင်း၊ ဓားဦးချွန်ခေါက်ဓား သုံးချောင်းနှင့်မူးယစ်ဆေးဝါးရောင်းချရရှိ ငွေကျပ် ၂၂၂၉၀ဝ၊ မူးယစ်ဆေးဝါသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့သဖြင့် နိုင်ငြိမ်း၊ ဇင်မာတင်နှင့် သက်နောင်ထွန်း (ခ) ယူနွတ်တို့အား ဒဂုံမြို့သစ်(ဆိပ်ကမ်း) အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကိုကြီးစိုး(ဆိပ်ကမ်း)
