မန္တလေး ၇ ဇန်နဝါရီ

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဂရပ်ဖစ်ဒီဇိုင်းပြပွဲ နှင့် Myanmar Graphic Design Exhibition (Mandalay) ကို Design-Speak Safety အမည်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအသင်း မှ သိရသည်။

 

013

 

ယင်းပြပွဲကို မန္တလေးမြို့ ၈၄လမ်းနှင့် ၃၁လမ်းထောင့်ရှိ ဓမ္မသာလာခန်းမ၌ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂ရက်၊ ၃ရက်၊ ၄ရက်တို့တွင် ကျင်းပသွား မည်ဖြစ်သည်။

 

013

 

ပြပွဲတွင် ရန်ကုန်မြို့၌ ကျင်းပပြီးစီးခဲ့သည့်ပြပွဲတွင် ပြသခဲ့သော တောင်ကိုရီးယားနိုင်ငံမှ ဒီဇိုင်းများ၊ မန္တလေးမှ ဒီဇိုင်းပညာရှင်များ၏ လက်ရာများနှင့် နိုင်ငံကျော် ဒီဇိုင်းပညာရှင်များက ဟောပြော ဆွေးနွေးမည့် ပညာရပ်ဆိုင်ရာ ဟောပြောမှုများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ ဂရပ်ဖစ်ဒီဇိုင်း နဲ့ပတ်သက်လို့ ရန်ကုန်မှာ နှစ်ကြိမ် ပြပွဲပြုလုပ်ပြီးပြီ။ အခု မန္တလေးမှာ ပထမဆုံးအနေနဲ့ ပြပွဲပြုလုပ်မှာပါ။ မန္တလေးမှာလဲ ဒီဇိုင်းပညာဖွံ့ဖြိုး တိုးတက်ဖို့နဲ့ ဒီဇိုင်နာတွေနဲ့လုပ်ငန်း ရှင်တွေကြားမှာ ပူးပေါင်းဆောင်ရွက်တာတွေ ပိုများလာပြီး ပိုအကျိုး ဖြစ်ထွန်းဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ။ ပြပွဲအတွက် ဂရပ်ဖစ်ဒီဇိုင်းတွေ ပေးပို့ကြဖို့အတွက်လဲ အထက်မြန်မာပြည်မှာရှိတဲ့ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင်တွေကိုလဲ ဖိတ်ခေါ်ပါတယ် " ဟု အဆိုပါအသင်း မန္တလေးတိုင်းဒေသကြီး တာဝန်ခံဒီဇိုင်နာ ကိုမျိုးညီညီထွန်းက ပြောသည်။

ဒီဇိုင်းပြပွဲသို့ ပါဝင်ပြသလိုသည့် ဂရပ်ဖစ်ဒီဇိုင်နာများအနေဖြင့် ပြပွဲဝင်ဂရပ်ဖစ်ဒီဇိုင်းများကို ရန်ကုန်မြို့ မြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအသင်း သို့ ဇန်နဝါရီ၁၀ရက် နောက်ဆုံးထား၍ပေးပို့နိုင်ပြီး ဒီဇိုင်းမောင်မောင်ချိုဦး ဖုန်း ဝ၉-၄၀၂၆၁၇၁၄၃၊ ဒီဇိုင်းကိုမျိုးညီညီထွန်း ဖုန်း ဝ၉- ၉၆၄၃၀၆၂၄၃သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သူရိန်လင်း