ရွာသစ် ၇ ဇန်နဝါရီ
ကယားပြည်နယ် ဘောလခဲခရိုင် ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျေးလက် ကျန်းမာရေးဌာနရုံး၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ခတ္တာမြင့်နှင့် သားဖွားဆရာမတို့က ကာကွယ်ဆေးထိုးရခြင်း အကြောင်းနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးကာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား စမ်းသပ်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)
