မန္တလေး ၇ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၄၈၀၇ ရွာမှာ မီးရရှိပြီးပြီး ကျေးရွာ ၂၁၀၀ ခန့် မီးရရှိရန် ကျန်ရှိနေကြောင်းမန္တလေးတိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနထံကသိရသည်။
ယင်းကျန်ရှိသည့်ကျေးရွာ၊မြို့နယ်များကိုတိုင်းဒေသကြီးအစီအစဉ် ဖြင့်ကျေးရွာမီးလင်းရေးစီမံချက်၊ ချေးငွေကိုယ်ထူကိုယ်ထအစီအစဉ် အလှူရှင် အစီအစဉ် နိုင်ငံခြားချေးငွေ တို့ဖြင့်မီးလင်းရန် ဆောင်ရွက်လျက်ရှိသည်။
“မီးလင်းရေး ကော်မတီတွေဖွဲ့စည်းထားပါတယ် တစ်နိုင်ငံလုံး မီးလင်းရေးက ၂၀၃၀ မှာဆိုပေမယ့် စနစ်တကျသွားမယ်ဆိုရင် သတ်မှတ် ကာလမတိုင်ခင်မှာဘဲ ကျေးရွာတွေပါ မကျန်တစ်နိုင်ငံလုံးမီးလင်းနိုင်မှာပါ တစ်ချို့ကျတော့လည်း အင်ဂျင်Biogasနှင့် လျှပ်စစ်သုံးပြုပေးထားပါတယ်" မန္တလေးတိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါကျန်ရှိနေသည့် ကျေးရွာများအား ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆၀ အနက်မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း အသုံးပြုသွား မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာမီးလင်းရေးအတွက် ဘက်ဂျက်အပေါ်မူတည်ပြီး ဆောင်ရွက်ရသည့်အတွက် ကျန်ရှိသည့် ကျေးရွာများကိုလာမည့်ဘဏ္ဍာနှစ်မှသာဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။
သူရိန်လင်း