ဗန်းမောက် ၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံကပ်ဘိနယ်အတွင်းရှိ မံကပ်ကျေးရွာနှင့် ကံကော်ကျေးရွာအနီးတောအတွင်းမှ သစ်ခွဲသားများနှင့် သစ်စက်များ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီခွဲခန့်က ကသာခရိုင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများသည် သစ်တောလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ ဗန်းမောက်မြို့နယ် မံကပ်ဘိနယ်အတွင်းရှိ မံကပ်ကျေးရွာအနီး တောအတွင်းနှင့် ကံကော်ကျေးရွာအနီး တောအတွင်းနေရာများတွင် သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ကျွန်းသစ် ၄၉ လုံး၊ကျွန်းခွဲသား ၂၉၆ ချောင်း၊ အင်ကြင်းခွဲသား ၅၉ ချောင်း၊စုစုပေါင်း တန် ၂၀ ဖမ်းမိခဲ့ပြီး တရားမဝင်သစ်စက် ၃ လုံးကိုပါဖမ်းဆီရမိခဲ့သဖြင့် ဗန်းမောက်မြို့မရဲစခန်းမှ အရေးယူထားကြောင်းသိရသည်။
လူအောင်(ကသာ)

