မင်းတုန်း  ၇  ဒီဇင်ဘာ

 

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ လက်မှုသင်တန်းကို ဇန်နဝါရီ ၆ ရက်က မင်းတုန်းမြို့နယ် ကျွံဒွန်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် ဝါးဖြင့်ပြုလုပ်သော လက်မှုပညာများကို သင်တန်းသား သင်တန်းသူ ၃၀ အား  စာတွေ့ လက်တွေ့ဖြင့် ၁၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းကို မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ချင်းကလေး(မင်းတုန်း)