ချောင်းဆုံ ၇ ဇန်နဝါရီ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကျောင်းများသို့ ကျောင်းသားလူငယ်များ စာအုပ်၊ စာစောင်များကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် မြို့နယ်တွင်းရှိ စာသင်ကျောင်းများသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်မှ ဇန်နဝါရီ ၇ ရက်က ချောင်းဆုံ (အ.ထ.က) ကျောင်း၊ ရွာလွတ် (အ.ထ.က)ကျောင်း၊ ကွမ်သဲ(အ.ထ.က)(ခွဲ)ကျောင်းတို့တွင် စာအုပ်ငှားရမ်းခြင်းများ ဆောင် ရွက်ပေးခဲ့သည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက် စာငှားခြင်းလုပ်ငန်းတွင် ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင်းဝင်ကတ်ပြုလုပ်ပေးပြီး တစ်ဦးလျှင် စာအုပ် နှစ်အုပ်နှုန်းဖြင့် သုတ၊ ရသ စာအုပ်စာစောင်များကို ချောင်းဆုံ(အ.ထ.က) ကျောင်းတွင် ၁၀၅ ဦး၊ ကွမ်သဲ(အ.ထ.က)(ခွဲ) ရွာလွတ်(အ.ထက)ကျောင်းတွင် ၇၅ ဦး ကွမ်သဲကျောင်းတွင် ၅၀၊ တို့အား စာအုပ်ပေါင်းစုစုပေါင်း ၂၂၅ ဦးတို့ကို ငှားရမ်းပေးခဲ့ပြီး စာအုပ်များကို နှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
