ရန်ကုန် ၇ ဇန်နဝါရီ
အရာထမ်း အခြေခံသင်တန်းအမှတ်စဉ်(၂၀၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမတွင် ကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဖွင့် အမှာ စကားပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၊ ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူး များ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများ နှင့် အရာထမ်း အခြေခံ သင်တန်းအမှတ်စဉ်(၂၀၉)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးအရာရှိအဆင့်ရှိ သင်တန်းသား (၇၁)ဦး၊ သင်တန်းသူ (၇၄)ဦး၊ စုစုပေါင်း(၁၄၅)ဦး တက်ရောက်ကြောင်းနှင့် သင်တန်း ကာလမှာ ရက်သတ္တ(၁၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)