မိုးညှင်း ၇ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ယနေ့အချိန်အထိ ပေါ့ဆမီးအပါအဝင် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဆုံးရှုံးခဲ့ကြောင်း စိမ်းလဲ့ရတနာခန်းမ၌ ဇန်နဝါရီ ၇ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေက ပြောကြားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ သဘာဝဘေးအန္တရာယ်များထဲမှ (၇၁ ရာခိုင်နှုန်း)ကျော်သည် မီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် မိုးညှင်းခရိုင်အနေဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ (၁)ရက်နေ့မှ ယနေ့အချိန်အထိ မီးဖိုမီးခြောက်ကြိမ်၊ ပေါ့ဆမီး ၁၇ ကြိမ်၊ လျှပ်စစ်မီး ၁၂ ကြိမ်၊ ရှို့မီး ၁ကြိမ်၊ မသမာသူရှို့မီး ၁၇ ကြိမ်၊ အလိုအလျောက် ၁ ကြိမ် စုစုပေါင်း ၄၃ ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒုခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား တွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် သင်တန်းသို့ မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်အသစ် ၁၀ဝ ကျော် တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် အခြေခံလက်နက်မဲ့ စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာ ဘာသာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)
