နေပြည်တော်  ၇  ဇန်နဝါရီ 

 

ဟိုပုံးမြို့နယ်၊ ခိုလတ်ကျေးရွာတောင်ဘက် ၆ ဖာ လုံခန့်အကွာ၌ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက်တွင် အမြင့် ၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၆)ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့သည်။ ထို့အတူ ဆီဆိုင်မြို့နယ်၊ နောင်တဘန်ကျေးရွာ၌  ဘိန်းစိုက်ခင်း(၁၀)ဧကခန့်နှင့် ကွန်ဟိန်းမြို့နယ်၊ ဝမ်ပတ်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၇ဒသမ၅)ဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN