နေပြည်တော် ၇ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တတိယအကြိမ် မြန်မာ့ ဒစ်ဂျစ်တယ် အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ (Myanmar Digital Rights Forum) တာဝန်ယူကျင်းပမည့် အရပ်ဘက် အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business), ဖန်တီးရာ (Phandeeyar), မြန်မာ့အိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (Myanmar ICT for Development Organization) နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar) တို့မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ယင်းအရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဇန်နဝါရီ (၁၈)ရက် မှ (၁၉) ရက် အထိ ကျင်းပပြုလုပ်မည့် တတိယအကြိမ် “မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ” (3rd Myanmar Digital Rights Forum) တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တက်ရောက်ပါဝင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)