မကွေး ၇ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့သည် ဇန်နဝါရီ (၅)ရက် နံနက်ပိုင်း၌ မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်စု၊ မြင်းကင်းကျေးရွာတွင် လူမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ခဲ့သည်။
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြစ်သော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုများအား လစဉ် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်း၊ (၆)လအောက် ကလေးငယ်နှင့် မိခင်များအားထောက်ပံ့ခြင်း၊ အမျိုးသမီးဦးဆောင်မိသားစုများအား ထောက်ပံ့ခြင်း၊ မကွေးမြို့နယ်အတွင်းရှိ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများအား ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မိမိဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းများ ပိုမိုအောင်မြင်စေရန်ကြိုးစားကြရန်နှင့် ဝန်ထမ်းများ၏ တင်ပြချက်နှင့် လိုအပ်ချက်များကို ညှိနှိုင်း ဖည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)