နေပြည်တော် ၇  ဇန်နဝါရီ 

 

တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအနီးရှိတောအုပ် အတွင်းတွင် ဆာလာအိတ်တစ်လုံးထမ်း၍ လမ်းလျှောက် လာသူ အမျိုးသားတစ်ဦးအားတွေ့ရှိ၍စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆာလာအိတ်အားပစ်ချ ထွက်ပြေးသွား သဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ ၃၈ ဒသမ ၂၈ ကီလိုနှင့် ဘိန်းစိမ်း ၃၁ ဒသမ ၀၂၇ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီ ၁၅မိနစ်က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ (၆)မိုင်ကျေးရွာ၊ တောင်ကြီး-ဟိုပုံးသွားကားလမ်းတွင် ခွန်ထွန်းမောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အားရပ်တန့်ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က မူးယစ်တပ်ဖွဲ့စု(၂၃)တန့်ယန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချယ်ရီလမ်းနေ အိုက်မတ်၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ အိပ်ခန်းအုတ်နံရံအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN