ဖားကန့် ၇ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့ သီတဂူစက္ခုဒါနဆေးရုံတော်၌ သီတဂူ အဓိပတိမဟာနာယကဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဦးဆောင်စီမံမှုဖြင့် မျက်စိအထူး ကုခွဲစိတ်ဆရာဝန် ဒေါ်မိမိတင်နှင့်အဖွဲ့(၁၇)ဦးတို့က ဇန်နဝါရီ(၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ မျက်စိ ဝေဒနာသည်များအား ဒုတိယအကြိမ် အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ယနေ့အထိ လူနာမှတ်ပုံတင်ထားသူ(၂၀၀၀) ခန့်ရှိပြီး လူနာတစ်ထောင်ကျော်အား မျက်စိ စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည့်အနက် မျက်စိဝေဒနာသည်(၁၀၀)ကျော်အား ခွဲစိတ်ကုသမှုဆောင် ရွက်ပေးနိုင်ခဲ့ပြီး မြို့နယ်အတွင်းဆရာဝန်များနှင့်တပ်မတော်ဆရာဝန်များကလည်း အထွေထွေ ရောဂါများ အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ဆေးရုံတော်၌ မျက်စိဝေဒနာသည်များအား ပထမအကြိမ် အခမဲ့စမ်းသပ်ကုသမှုအား ဆေးရုံတော်ဖွင့်ပွဲနှင့်တွဲလျက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN