ကလေးသူငယ်ဆိုသည်မှာ သာမန်အားဖြင့် မွေးကင်းစမှ အသက် ၁၀ နှစ်ခန့်အထိရှိ၍ သိမ ဆိုင်ရာ စိတ်ပိုင်းဖွံဖြိုးမသည်လည်းကောင်း၊ ခန္ဓာပိုင်းဆိုင်ရာ ရုပ်ပိုင်းဖွံဖြိုးမသည်လည်းကောင်း ပြည့်စုံခြင်းမရှိေသးသူများဟုဆိုလျှင် မှားမည်မထင်ချေ။ ထိုအရွယ် ကလေးငယ်များကို အပြစ်ကင်းစင်သော အရွယ်များဟု မှတ်ယူပြီးခွင့်လွှတ်သည်းခံခြင်း၊ ထိန်းကျောင်း တည့်မတ်ပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတိုကို ပြုလုပ်ပေးရမည်ဖြစ်သည်။

 

ကလေးတို၏ သိမအဆောက်အအုံ ရင့်ကျက်ဖွံဖြိုးလာမနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံသား သိမ ဗေဒပညာရှင် ပီယာဂျေးက “ကလေးတို၏ သိစိတ်ဖွံဖြိုးမသည် ဇာတိပါသိမ အဆောက် အအုံတို တဖြည်းဖြည်း အလိုအလျောက် ရင့်ကျက်ဖွံဖြိုးလာသည့် သဘောလည်းမဟုတ်၊ ပတ်ဝန်းကျင်၏ လမ်းမိုးမ သက်သက်လည်းမဟုတ်၊ ယင်းတို၏ အပြန်အလှန်တုံလှယ်ပြုမူရာမှ ပေါ်ထွက်လာသော ရလဒ်ဖြစ်သည်”ဟု တင်ပြခဲ့သည်။

 

အပြန်အလှန်တုံလှယ်မှု အပြုအမူမှတွေ့ကြုံရမှု၊ ခံစားရမှုများသည် ကလေးအား အသိစိတ် ကိုပေးသည်။ ကလေး၏ရုပ်ခန္ဓာ တဖြည်းဖြည်း ကြီးထွားလာခြင်းနှင့် ကလေးဘာသာရုန်းကန်လှုပ်ရှားခြင်းတို ပေါင်းစပ်၍ ကလေးသည် ၎င်း၏ဘဝကို ပို၍ပို၍တိုးတက်အောင် ကြိုးပမ်းခဲ့ရရှာသည်။ ထိုသို ရုန်းကန်လှုပ်ရှားရင်း ထိတွေ့ခဲ့ရေသာ အတွေ့အကြုံများမှတစ်ဆင့် ကလေးအား အသိဉာဏ်ရင့်ကျက်စေခဲ့သည်။

 

အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်းသည် ကလေးမှ လူငယ်အရွယ် ဖြစ်လာသည်။ ဤအရွယ် သည် ကလေးမှ လူကြီးဟူသော အရွယ်နှစ်ခုစပ်ကား ပေါင်းကူးတံတားဖြစ်သည်။ ကလေးဘဝမှ လွန်မြောက်လာသော်လည်း လူကြီးဘဝသို့လည်း မေရာက်သေးသော အချိန်ဖြစ်သည်။ ရင့်ကျက်သော လူကြီးမဟုတ်သည့်တိုင်အောင် ဆင်ခြင်တုံတရား ကင်းမဲ့သော ကလေးလည်း မဟုတ်တော့ပေ။ အရာရာကို လက်တွေကျကျ လေ့လာဆည်းပူးသည့် အရွယ်ဖြစ်သည်။ ကလေးဘဝကကဲ့သို လူကြီးပြောသမျှ ခြွင်းချက်မရှိလက်ခံခြင်း မဟုတ်တော့ဘဲ လက်တွေ့နှင့် ယှဉ်၍ ကိုယ်ပိုင်ဆုံးဖြတ်ချင်သောအရွယ်ဖြစ်သည်။

 

ထို့ကြောင့် ကလေးဖြစ်စေ၊ လူငယ်ဖြစ် ကလေးလူငယ်တို၏ ပင်ကိုစိတ်ရင်းမှာ ကိုယ်တိုင် ကိုယ်ကျ ရုန်းကန်ပြီးမှ သိရှိလိုကြသူများဖြစ်သည်။ တစ်နည်းဆိုလျှင် လက်တွေ့ကျကျ လုပ်ကိုင်လိုကြသူများဖြစ်သည်။ ကလေးလူငယ်များ၏ မူလဘူတသဘာဝမှာ နှစ်သက်မြတ်နိုး စရာဖြစ်သည်။ သဘာဝကသော ခွန်အားများဖြင့် ၎င်းတို၏ဘ၀၊ ၎င်းတို၏အနာဂတ်ကို လှမ်းတက်နိုင်အောင် အောက်ခြေတည်မိပြီးသာဖြစ်သည်။ သိုသော် ကလေးလူငယ်များ၏ လျှောက်လှမ်းရာလမ်းကြောင်းကို ဖြောင့်တန်းအောင် ထိန်းကျောင်းမပေးနိုင်လျှင်မူ ကလေး လူငယ်များ၏အနာဂတ် လှပမှုမရှိဘဲ လူ့ဘောင်လောကလည်း တောက်ပဖွံ့ဖြိုးလာမည် မဟုတ်ချေ။

 

ပင်ကိုစိတ်ရင်း ကောင်းမွန်ခြင်းရှိသည့် ကလေးလူငယ်များအား မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူတိုက ထိန်းကျောင်းပြုပြင် ပျိုးထောင်ပေးလျက်ရှိသည်။ သို့သော် ကံအကြောင်း မလှသည့် ကလေးလူငယ်များ ဘဝမှာမူ စိတ်မကောင်းဖွယ်ဖြစ်သည်။ ကလေးလူငယ်များ၏ အနာဂတ်လှပေရးအတွက် အထောက်အပံ့ကောင်းများမရရှိဘဲ ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ စစ်တမ်းအရ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်တွင် အသက်ငါးနှစ်မှ အသက် ၁၇နှစ်အတွင်း ကလေးလူငယ် ၂၁၈ သန်း အလုပ်လုပ်နေကြရသည်။ ယင်းတွင် ၁၅၂ သန်းသည် ကလေးလုပ်သားများဖြစ်နေပြီး ၎င်းတိုအနက် ၇၃ သန်းသည် အန္တရာယ်ရှိသည့် ပတ်ဝန်းကျင်သို့ ရောက်နေကြကြောင်းသိရသည်။

 

သိုဖြစ်ရာ မူလဘူတဘဝဖြစ်တည်မှု ဖြူစင်ကောင်းမွန်သော ကလေးလူငယ်များ၏ဘဝနှင့် အနာဂတ်လှပရေးအတွက် ကလေးသူငယ်အခွင့်အေရးများ၊ လူငယ်လူရွယ်အခွင့်အလမ်းများ တိုးတက်ရရှိပြီး ၎င်းတို၏ဘဝများ တောက်ပြောင်လာအောင် ဝိုင်းဝန်းပြုစု ပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း။ ကြေးမုံ