၆ အောက်တိုဘာ
ရာသီဥတုပြောင်းလဲခြင်း၊ ဆိုးရွားသည့် ရာသီဥတုဖြစ်စဉ်များနှင့် နောက်ဆက်တွဲ ဂယက်များသည် ပြည်သူများအတွက် အသစ်အသစ်ဖြစ်လာသည့် ဖြစ်ရိုးဖြစ်စဉ် ကြုံတွေ့နေရမှုများ ဖြစ်သည်။ ပြီးခဲ့သည့် မိုးရာသီကာလတွင် မိုးသည်းထန်ရေကြီးခြင်းနှင့် မိုးခေါင်ရေရှားခြင်းဖြစစ်ဉ် နှစ်မျိုးကို နိုင်ငံအတွင်း ကြုံတွေ့ခံစားလာကြရသည်။ ယင်းဖြစ်စဉ်သည် အသစ်မဟုတ်သော ဖြစ်ရိုးဖြစ်စဉ် နှစ်စဉ်ကြုံတွေ့လာဦးမည် ဖြစ်ရာ ယင်းကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ပေါင်းကူးချိတ်ဆက် ဆောင်ရွက်ကြရမည် ဖြစ်သည်။
သဘာဘေးဒဏ်ခံစားရမှုသည် နိုင်ငံတစ်နိုင်၏ ပြဿနာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအားလုံး ကြုံတွေ့နေရသော ပြဿနာဖြစ်သည်။ အာဆီယံဒေသတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ စက်တင်ဘာလအတထိ သဘာဝဘေးအန္တရာယ်ပေါင်း ၁၄၀ဝ ကျော် ကြုံတွေ့ခံစားခဲ့ရသည်။ ထိုကြုံတွေ့ခံစားမှုများတွင် ရေကြီးခြင်း ၆၀ ရာခိုင်နှုန်း၊ လေပြင်းတိုက်ခြင်း ၁၈ ရာခိုင်နှုန်း၊ မုန်တိုင်းဒဏ် ၁၃ ရာခိုင်နှုန်းနှင့် မြေပြိုဘေး ၁၂ ရာခိုင်နှုန်းခန့်ရှိရာတွင် မြန်မာနိုင်ငံမှ မြေပြိုဘေးမှာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရသည်။
မကြာသေးမီကာက မြန်မာနိုင်ငံအပါအဝင် လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရေဘေး၊ မြေပြိုဘေး၊ လေဆင်နှာမောင်းဘေး၊ မြေငလျင်နှင့်ဆူနာမီ စသည့် သဘာဝဘဘေးအန္တရာယ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ခဲ့ရာ အာဆီယံသည် သဘာဝဘေးအန္တရယ် ဗဟိုချက်ကဲ့သို့ ဖြစ်လာသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်လိုလို ရေကြီးရေလျှေံမှုနှင့် မြေပြိုမှုများ ကြုံတွေ့နေရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သလို ရှောင်လွှဲ၍လည်း ရနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လုပ်ငန်းစဉ်များကို မဆုတ်မနစ်သည့် ဇွဲလုံးလဖြင့် ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ရာ လူသားအရင်းအမြစ်၊ နည်းပညာ အထောက်အပံနှင့် ရန်ပုံငွေများ လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများကို ဆိုင်ရာဆိုင်ရာတို့ ပေါင်းကူးချိတ်ဆက်လျက် စဉ်ဆက်မပြတ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ စီမံခန့်ခွဲမှု ရန်ပုံငွေတစ်ရပ်ကို ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေသို့ နှစ်စဉ်နှစ်တိုင်း မြန်မာငွေကျပ် ၂၀ ဘီလီယံ ဖြည့်စွက်ပေးလျက်ရှိသည်။
သဘာဝဘဘေးအန္တရာယ်အမျိုးမျိုးကို အာဆီယံနိုင်ငံများသာမက ကမ္ဘာနိုင်ငံများ ရင်ဆိုင်ကြုံတွေ့ ခံစားလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ကြုံတွေ့နေရပြီး မထူးဆန်းသောကိစ္စများဟု ဆိုင်နိုင်သော်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ စီမံခန့်ခွဲမှုရန်ပုံငွေတစ်ရပ်ကို ထူထောင်ထားရှိပြီး အဆိုပါ ရန်ပုံငွေသို့ နှစ်စဉ်နှစ်တိုင်း မြန်မာကျပ်ငွေ ၂၀ ဘီလီယံ ဖြည့်စွတ်ပေးလျက်ရှိသည်။
သဘာဝဘေးအန္တရာယ်အမျိုးမျုးိကို အာဆီယံနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်ကြုံတွေ့ခံစားလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ကြုံတွေ့နေရပြီး မထူးဆန်းသော ကိစ္စများဟု ဆိုင်နိုင်သော်လည်း သဘာဝဘေးကို ကြီးသည်ငယ်သည်ဟူ၍ ပေါ့ပေါ့မတွေးဘဲ ရန်ပုံငွေထူထောင်၍ စနစ်တကျ အကောင်အထည်ဖော်လျက် ရှိသည်။ ဘေးအန္တရာယ် ကြံ့ကြံ့ခံရေးကို အစဉ်မြော်တွေးလျက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကို ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ထိရောက်စွာ အသုံးပြုလျက်ရှိသည်။
သို့ဖြစ်ရာ ယခင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ် အဖြစ်အပျက်များမှ ရရှိလာသော အတွေ့အကြုံများကို သင်ခန်းစာများယူ၍ ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဆောင်ရွက်နေသလို မဖြစ်ခင် ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေးနှင့် ဖြစ်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပေါင်းကူးချိတ်ဆက် တက်ညီလက်ညီဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်ပါကြောင်း။
ကြေးမုံ