မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာအန်၊အေ၊လီစတိုပါဒေါ့ဗ်အား သတင်းအဖွဲ့မှ သွားရောက်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မြန်မာနှစ်သစ် ၁၃၈၀ ပြည့်နှစ်ကို မကြာမီကမှ ကူးပြောင်းရောက်ရှိ တဲ့ မြန်မာနိုင်ငံအတွက် သံအမတ်ကြီးရဲ့ နှစ်သစ်ကူးဆုမွန်တောင်း စကားလေး ပြောပေး စေလိုပါတယ်။
ဖြေ။ ။ ကျွန်တော်သိပ်ကို ဝမ်းသာမိပါတယ်။ မကြာခင်က သင်္ကြန်ပွဲကို ပျော်ပျော်ရွှင် ရွှင် ဆင်နွှဲခဲ့ကြတယ်ဆိုတော့ ဝမ်းသာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သိပ်ပျော်ပါ တယ်။ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဂုဏ်ပြုပါတယ်။ မြန်မာတွေ အားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ကျွန်တော်က ဆုမွန်ကောင်းများ တောင်းပါတယ်။
သင်္ကြန်ပွဲတော်ဟာ ကောင်းမွန်တဲ့၊ ပျော်ရွှင်စရာကောင်းတဲ့ပွဲတော်မျိုး ဖြစ်ပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီး သီချင်းတွေလည်း တော်တော်များများ ရှိပါတယ်။ ပါရမီမပါ လို့ သီချင်းသိပ် မဆိုတတ်ဘူး။ ဒါပေမယ့် သင်္ကြန်ပွဲအတွက် ရေးစပ်တဲ့ မြန်မာကဗျာ တွေကို ကျွန်တော်သိတယ်။ “ လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ၊ တကယ်တမ်းသာဖြင့် ဘယ်ပန်းသော် စံမတူဘု” ဆိုတဲ့ မြန်မာကဗျာနဲ့ ကျွန်တော် ကြိုဆိုချင်ပါတယ်။ ဒီနှစ်သစ် အချိန်အခါသမယမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ပါစေလို့ ထပ်ပြီးမေတ္တာပို့သပါ တယ်။
မေး။ ။ အစိုးရသစ်ရဲ့ နှစ်နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက် ချက်တွေနဲ့ အောင်မြင်မှုတွေအပေါ်ရယ် ၊ နောက် ရခိုင်ပြည်နယ်အရေး ကိစ္စနဲ့ပတ် သက်ပြီးတော့ မြန်မာအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ်မှာ သံအမတ်ကြီး အနေနဲ့ ဘယ်လို အမြင်မျိုးရှိသလဲဆိုတာ သိပါရစေ။
ဖြေ။ ။ လက်ရှိအစိုးရက အာဏာရတာ နှစ်နှစ် ပြည့်ပြီ။ အဲဒါ သိပ်မကြာသေးပေမယ့် အောင်မြင်မှုတော်တော်များများ ရခဲ့တယ်လို့ ကျွန်တော်က ယူဆမိပါတယ်။ အထူးသဖြင့် လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ တော်တော်များ များ ရှိတာကို ကျွန်တော်တွေ့ခဲ့ပါတယ်။ နောက် တစ်ခုက ငြိမ်းချမ်း ရေးဖြစ်စဉ် ဆိုလည်း အင်မတန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး မရရင် ဖွံ့ဖြိုး တိုးတက်မှုလည်း မရနိုင်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။ ငြိမ်းချမ်းရေးကို ရရှိဖို့ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကို နှစ် ကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ဆိုရင် အခုလည်း တတိယအကြိမ်ကျင်းပဖို့ ရှိပါတယ်။ အဲဒါက အင်မတန်အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။
ရခိုင်ပြဿနာဟာ အင်မတန် ရှုပ်ထွေးတဲ့ပြဿနာဖြစ်ပါတယ်။ ထိလွယ် ရှလွယ်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ချက်ချင်းဖြေရှင်းလို့ မရပါဘူး။ အချိန် ယူရပါတယ်။ ကျွန်တော် အဲဒီပြဿနာနဲ့ပတ်သက်ပြီး ဘာအယူအဆရှိသလဲဆိုရင် အခု လက်ရှိ ပြည်ထောင်စုအစိုးရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက ရခိုင်ပြဿနာကို မြန်မြန်ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်း ဖို့ ကြိုးစားပါတယ်။ ဒါကြောင့်မို့ ပြဿနာကို မကြာခင် ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
မေး။ ။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နှစ်နိုင်ငံကြားမှာရှိတဲ့ ချစ်ကြည်ရေး အဓွန့် ရှည်ပြီးတော့ တည်တံ့သွားစေဖို့အတွက် သံအမတ်ကြီးအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက် မှုတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ကျွန်တော်ကတော့ ရုရှား - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်း ပြောရရင် ဒီနှစ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အင်မတန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘာဖြစ်လိ်ု့လဲဆိုရင်တော့ ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေး ထူထောင်တာဆိုရင် နှစ်ပေါင်း (၇၀) ပြည့်ပြီ။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာ ကျွန်တော်တို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ထူထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးဆိုရင် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို ရရှိထားတဲ့ အခြေခံအပေါ်မှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကို နယ်ပယ်အသီးသီးက ဆတက်ထမ်းပိုး တိုးမြင့်စေဖို့ ကြိုးစားနေပါတယ်။
အရင်တုန်းကဆိုရင် ကျွန်တော်တို့ ကောင်းကောင်း ပူးပေါင်း ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ဆိုဗီယက် ရုရှား၊ အကူအညီနဲ့ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ စီမံကိန်းတွေ ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အင်းလျားကန်၊ အင်းလျား လိတ်ဟိုတယ် ဖြစ်ပါတယ်။ နောက် စက်မှုတက္ကသိုလ်ဖြစ်ပါတယ်၊ တောင်ကြီးမြို့မှာ စဝ်စံထွန်း ဆေးရုံကြီးကို ဆောက်ခဲ့ပါတယ်။ ကြက်မောက်တောင်ဆည်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုလည်း ကျွန်တော်တို့ စဝ်စံထွန်း ဆေးရုံကြီးကို အဆင့်မြင့်အောင် ရုရှား နိုင်ငံဘက်က အကူအညီ ပေးဖို့ရှိပါတယ်။ အဲဒါလည်း အင်မတန်အရေးကြီးပါတယ်လို့ ယူဆ ပါတယ်။
မေး။ ။ ရုရှားနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင် နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်၊ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလား။
ဖြေ။ ။ အဲဒီရင်းနှီးမြှုပ်နှံမှုဆိုတာဟာ အင်မတန်အရေးကြီးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ရုရှားသံရုံးကနေ ရုရှား စီးပွားရေးသမားတွေ ၊ ကုမ္ပဏီတွေက မြန်မာ နိုင်ငံကို ရောက်လာကြပြီး မြန်မာရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ မြန်မြန်ဆန်ဆန်ကြိုးစား ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံ အစိုးရရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ကော်မရှင် ဆိုတာ ရှိ်ပါတယ်။
လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ မော်စကိုမှာ ကျွန်တော်တို့ နှစ်နိုင်ငံ ပူးတွဲကော်မရှင်ရဲ့ ဒုတိယ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်၊ အခုမြန်မာနိုင်ငံမှာ တတိယအစည်းအဝေးကျင်းပဖို့ ရှိပါတယ်၊ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှု ကော်မရှင်ကြောင့် ရုရှားနိုင်ငံက ရင်းနှှီးမြှုပ်နှံမှုတွေကို ပိုမိုမြန်ဆန်စွာ မြန်မာနိုင်ငံက ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်က ရန်ကုန်မြို့ မှာ ရုရှားရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးဖွင့်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုရေးရာနဲ့ ဆိုင်တဲ့ ဥပဒေ အသစ်ကို အတည်ပြုခဲ့ပါတယ်။ ဒါကြောင်မို့ အခုမြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုကို အစပျိုးဖို့ အခြေခံပါတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ အခက်အခဲ တွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် နားလည်သလောက် အများအားဖြင့်ဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ဖို့ အလားအလာ၊ အခွင့်အလမ်းတွေ တော်တော်များများရှိပါတယ်လို့ ယူဆမိပါတယ်။
မေး။ ။ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လုပ်ဆောင်ချက်တွေအပေါ် သံအမတ်ကြီးရဲ့ အမြင်ကိုလည်း သိပါရစေ။
ဖြေ။ ။ ကျွန်တော်ကတော့ ဘာပြောချင်သလဲဆိုရင် ရခိုင်ပြဿနာဆိုရင် မြန်မာနိုင် ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက်မှုကို မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ဝင်ရောက် စွက်ဖက်မှုလုပ်ရင် ကောင်းတဲ့ရလဒ် တွေ ရနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူပြည်သားတွေကသာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ ရခိုင်အရေး ပြဿနာ အပါအဝင် ပြဿနာတွေကို ဘယ်လိုအကောင်းဆုံး ဖြေရှင်းနိ်ုင်မလဲဆိုတာ ပိုသိတယ်လို့ ယူဆမိပါ တယ်။
ဒါကြောင့်မို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီပြဿနာကို ဖြေရှင်းဖို့ အကူအညီပေးနိုင်တယ်။ ဒါပေမယ့် အပြုသဘော ဆောင်တဲ့ အကူအညီပဲပေးရမယ်။ အပြစ်တင်တာ၊ ရှုတ်ချတာ၊ အရေးယူတာဆိုရင် ကျွန်တော်တို့က လက်မခံဘူး။ အပြုသ ဘောဆောင်တာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ရခိုင်ပြဿနာကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ပူးတွဲပြီး ဖြေရှင်းဖို့ကြိုးစား ရပါမယ်။ ဒါ့ကြောင့် ရုရှားနိုင်ငံက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ အဲဒီပြဿနာကို မြန်မြန်ဖြေရှင်းဖို့ အားပေးပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေလည်း ရှိနေပါတယ်။ အဲဒီဟာတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ကူးပြောင်းနေတဲ့ အချိန်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ဘယ်လိုအကျိုး သက်ရောက်မှု တွေဖြစ်စေ နိုင်သလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အရေးယူမှု၊ ပိတ်ဆို့မှု၊ ဒဏ်ခတ်မှုကိုလက်မခံဘူး။ အထူးသဖြင့် ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်မချရင် တခြားနိုင်ငံတွေအပေါ် အဲဒီ အရေးယူမှု၊ ပိတ်ဆို့မှု ပြုလုပ်လို့မရဘူးလို့ ကျွန်တော်ယူဆမိပါတယ်။ ရခိုင်ပြဿနာ နဲ့ ပတ်သက် ပြီး အရေးယူမှု၊ ဒဏ်ခတ်မှုတို့ လုပ်ဖို့ ကျွန်တော်တို့ လက်မခံဘူး။ အပြုသဘော ဆောင်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲအချိန်ကာလ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ အရေးယူရင်၊ ဒဏ်ခတ်ရင်၊ ပိတ်ဆို့ရင် အရင် ဖြစ်စဉ်ကို ထိခိုက်နိုင် မယ်။
အရေးယူမှု ပိတ်ဆို့မှုကြောင့် သာမန် လူတွေ ဒုက္ခတွေ အများကြီး ရောက်နိုင် တယ် လို့ ယူဆမိပါတယ်။ ဒါကြောင့် ရခိုင်နဲ့ အခြား ပြဿနာတွေကို ငြိမ်းချမ်းစွာ နိုင်ငံရေး နည်းလမ်းအရပဲ ဖြေရှင်းဖို့လိုပါတယ် ။ ရုရှားနိုင်ငံကလည်း အဲဒီ ပြဿနာ တွေကို ဖြေရှင်းဖို့ကြိုးစားပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် ရုရှားနိုင်ငံဟာ ဘာသာစုံ၊ လူမျိုးစုံ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်။ မြန်မာနိုင်ငံလိုပါပဲ။ ဒါကြောင့် ဒါမျိုး ပြဿနာတွေကို ဘယ်လိုရှုပ်ထွေးသလဲ ကောင်း ကောင်း နားလည်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဗုဒ္ဓဘာသာဝင် တွေလည်း ရှိပါတယ်။ မူဆလင်တွေ လည်း ရှိပါတယ်။ အဲဒီပြဿနာကို များများဖြေရှင်းဖို့ အရေးကြီး ပါတယ်။ မြန်မာနိုင်ငံ အစိုးရက အဲဒီပြဿနာဖြေရှင်းဖို့ အများကြီး ကြိုးစားနေတာကို တွေ့ရပါတယ်။
မေး။ မြန်မာနိုင်ငံအစိုးရရဲ့ နောက်လာမယ့် သက်တမ်းမှာရော အစိုးရအနေနဲ့ ဘယ်လိုမျိုး ဆက်လက် လုပ်ဆောင်သွားဖို့ အကြံပြုချင်ပါသလဲ။
ဖြေ။ ကျွန်တော်အကြံမပြုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ပြောတာထက် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူ ပြည်သားများက ပိုသိပါတယ်။ ဘာပြောင်းရမလဲ၊ ဘာလုပ်ရမလဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ဘာပြောနိုင်သလဲဆိုရင် ငြိမ်းချမ်းရေး အရေးကြီးပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကလည်း ငြိမ်းချမ်းရေးရရှိဖို့ကို များစွာကြိုးစားရပါမယ်။ စီးပွားရေး၊ လူမှုရေးနယ်ပယ်မှာ များစွာကြိုးစားရပါမယ်။ သာမန်လူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်စေဖို့လည်း အင်မတန်အရေးကြီးပါတယ်လို့ ယူဆမိပါတယ်။
ရခိုင်နဲ့ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လည်း အစိုးရက ဆတက်ထမ်းပိုး ကြိုးစားမယ်လို့ မျှော်လင့် ပါတယ်။ ဒါပေမယ့် ကျွန်တော်က မြန်မာနိုင် ငံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အကောင်းမြင်ဝါဒီဖြစ် ပါတယ်။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ငြိမ်းချမ်းတဲ့ နိုင်ငံတစ် နိုင်ငံ မုချဖြစ်ပါမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ရုရှားနိုင်ငံကလည်း မြန်မာနိုင်ငံကို ချစ်ကြည် ရင်းနှီးတဲ့၊ တည်ငြိမ်တဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ ဆန္ဒရှိပါတယ်။ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ရရှိဖို့ ဆန္ဒများစွာရှိ ပါတယ်။ ကျွန်တော် က ဒီလောက်ပဲ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် သံအမတ်ကြီး။
(သတင်းအဖွဲ့)