နေပြည်တော် ၈ ဇန်နဝါရီ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်နှင့်အဖွဲ့အား ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံ၍ ကျပ်တစ်သောင်းတန် ငွေစက္ကူများ အတု/အစစ် ခွဲခြားခြင်းကိစ္စ၊ နိုင်ငံခြားသုံးငွေ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းဆိုင်ရာကိစ္စ၊ နိုင်ငံခြားငွေဈေးကွက် တည်ငြိမ်စေရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)