မန္တလေး ၂၀ အောက်တိုဘာ

Mandalay Free Rider မှ ဦးစီး၍ လူငယ်များ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရေးနှင့် ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် နာရီတွင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အပန်းဖြေစခန်းအနီးရှိ 11 Mile MX Bike Park နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက မန္တလေးမြို့ ၇၈ လမ်း ခင်စောမူကွေ့ရှိ ရွှေပြည်သာစားသောက်ခန်းမတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

ပြိုင်ပွဲတွင် MMX-A(Senior) 231cc နှင့် 231cc အထက်(Pro)-အတန်း၊ MMX-A(Junior) 231cc နှင့် 231cc အထက်(Pro)အတန်း ပြိုင်ပွဲဝင်များက ကွင်း ၁၀ ပတ်၊ MMX-B(Senior) နှင့် (Junior)125cc မှ 230cc အထိ(Master)အတန်း ပြိုင်ပွဲဝင်များက ကွင်း ပတ်နှင့် MMX-C110cc မှ 125cc (Beginner)အတန်း ပြိုင်ပွဲဝင်များက ကွင်း ပတ် စီးနင်းပြိုင်ပွဲဝင်ကြရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များသည် မှတ်ပုံတင်မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ၊ အသက်အာမခံနှင့် ပြိုင်ပွဲဝင်ကြေး နှစ်သောင်းကျပ်တို့နှင့်အတူ အောက်တိုဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ၃၂ x ၃၃ လမ်းကြား ၇၇ လမ်း 501 Fashion Shop မိုင် Mini Beach နှင့် 11 Mile MX Bike Park တို့သို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်တို့ကို အားကစားအင်္ကျီ ဦးထုပ်နှင့် နံပါတ်ပြား ခုတို့အပြင် နေ့လယ်စာ ရေသန့်၊ အချိုရေဘူးတို့ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျင်းပရေး MFR မှ တာဝန်ရှိသူကလည်း ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း၍ ဆုများ ထိုက်တန်စွာ ချီးမြှင့်ပေးမည့်အစီအစဉ်များကို ပြောကြားသည်။

ပြိုင်ပွဲဝင်အားကစားသမားများ မိမိကိုယ်ပိုင်ဆိုင်ကယ်၏ ကြံ့ခိုင်မှု၊ ဆီရေလေအား စိစစ်တာဝန်ယူကာ ဆိုင်ကယ်ကို Off Road တာယာများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် မီဒီယာများ၏ သိလိုသည်များကို ကိုအောင်ပိုင်စိုးက ရှင်းလင်းပြောပြသည်။ အဆိုပါအတန်း တန်းမှ ပြိုင်ပွဲဝင်ကစားသမားများအတွက် FNI အာမခံ တစ်ယူနစ်ပါဝင်ကြောင်းနှင့် ပြိုင်ပွဲကို နံနက် နာရီမှ ညနေ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို အောက်တိုဘာ ၂၇ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)