မြင်းမူ  ၈  ဇန်နဝါရီ

 

လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဇေယျတုခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက တွေ့ဆုံပွဲပြုလုပ်ရခြင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်မှုနှင့် လွှတ်တော်အသီးသီးတွင် တင်ပြပေးနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

အဆိုပါ အခမ်းအနားတွင် တက်ရောက်သည့် ပြည်သူများက မြို့တွင်းလမ်းဘေး ကျုးကျော်ဆိုင်ခန်းများကိစ္စ၊ (၁၀)နှစ်ပြည့် မှတ်ပုံတင်မှသည် (၁၈)နှစ်ပြည့် မှတ်ပုံတင်များ ကွင်းဆင်းပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိ၊ တရားမဝင် ယစ်မျိုးရောင်းချမှု၊ လောင်စာဆီများ ရပ်ကွက်တွင်း ရောင်းချမှုများ၊ အသံချဲ့စက်များ ဆူညံစွာ ဖွင့်လှစ်နေမှုများ၊ မြို့တွင်းကားလမ်းများ ပြုပြင်ပေးနိုင်ခြင်း ရှိ/မရှိ ကိစ္စများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

 

mdn

 

တွေ့ဆုံပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အောင်စိုးဖေ(ပြန်/ဆက်)