mdn

 

မောင်တော           ၂၃        အောက်တိုဘာ   

 

ရခိုင်ပြည်နယ်   မောင်တောမြို့နယ်  တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်း ၌  အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီ  ၁၅ မိနစ် က  မိမိတို့သဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့်နေရပ်စွန့်ခွာသူ အိမ်ထောင်စု   ၅ စု  ၊ အမျိုးသား ၁၈ ဦး ၊ အမျိုးသမီး ၁၁ ဦး လူဦးရေ  ၂၉ ဦး အား  ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း  သက်ဆိုင်ရာတာဝန်ရှိသူများက  စိစစ်လက်ခံဆောင်ရွက်ပေးခဲ့သည်။

 

ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက  သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးမှုများပြုလုပ်သည်။

 

 ထို့နောက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား  ဆောင်ရွက်ရာတွင် အိမ်ထောင်စု ၅ စုရှိ ၊ အမျိုးသား ၉ ဦး၊   အမျိုးသမီး ၈ ဦး  ပေါင်း ၁၇  ဦးတို့အား NV Card ထုတ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ  ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်အား  မွန်းတည့် ၁၂ နာရီ  တွင်ပြီးစီးခဲ့သည်။    

 

ဆက်လက်၍    တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက  လှဖိုးခေါင်ယာယီ နေရာချထားရေးစခန်းသို့  လွှဲပြောင်း ပို့ဆောင်ပေးရာ      လှဖိုးခေါင်စခန်းတာဝန်ခံ   ညွှန်ကြားရေးမှူး  ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက ညနေ ၃ နာရီတွင်လွှဲပြောင်း/လက်ခံဆောင်ရွက်ကြပြီး  ဆန်၊ ဆီ ၊ ဆား ၊ ပဲ ၊ မီးဖိုင်ချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု ၅ စု၊လူဦးရေ (  ၂၉ )  ဦး  တို့သည်   ယခင်နေရပ်   မောင်တောမြို့နယ် ၊  တောင်ပြိုလက်ဝဲမြို့  ၊    တောင်ပြိုယာ၊ မြောချောင်း၊ ကြိမ်ချောင်း  ၊ ကျောက်ချောင်း(ရွာသစ်) ၊ ဒိုးတန်း ကျေးရွာတို့မှ ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ကာ ညနေ ၄ နာရီတွင် စခန်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

 

 ဇော်ဇော်ဆန်း( ပြန်/ဆက် )

 

mdn