ဂန့်ဂေါ ၉  ဇန်နဝါရီ

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ ဂန့်ဂေါမြို့နယ်တွင် ၄၇ ရွာ၊ ထီးလင်းမြို့နယ်တွင် ၄ ရွာတို့သို့ လျှပ်စစ် သွယ်တန်းရောက်ရှိပြီး ဂန့်ဂေါမြို့နယ်တွင် အိမ်ထောင်စု ၂၈၆၉၉၊ ထီးလင်းမြို့နယ်တွင် အိမ်ထောင်စု ၁၀၅၃၂ တို့ လျှပ်စစ်ဓာတ်အားသုံးစွဲနေပြီဖြစ်ကြောင်း ဂန့်ဂေါခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ဂန့်ဂေါမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၇ ရွာရှိကာ ဓာတ်အားစနစ်ဖြင့် ၄၇ ရွာ၊ ဒီဇယ်စနစ်ဖြင့် ၂၁ ရွာ၊ ဆိုလာစနစ်ဖြင့် ၃၉ ရွာ အားလည်းကောင်း၊ ထီးလင်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၉၃ ရွာ ရှိကာ ဓာတ်အား စနစ်ဖြင့် ၄ ရွာ၊ ဒီဇယ်စနစ်ဖြင့် ၇၇ ရွာ၊ ဆိုလာစနစ်ဖြင့် ၉ ရွာ၊ ရေအားစနစ်ဖြင့် ၅ ရွာ အားလည်းကောင်း၊ ဆောမြို့နယ်တွင် ကျေးရွာပေါင်း ၇၄ ရွာရှိကာ ဒီဇယ်စနစ်ဖြင့် ၅၀ ရွာ၊ ရေအားစနစ်ဖြင့် ၂၆ ရွာ အားလည်းကောင်း၊ ဆောမြို့နယ် ကျောက်ထုမြို့ဒေသတွင် ကျေးရွာ ၄၃ ရွာရှိကာ ဒီဇယ်စနစ်ဖြင့် ၁၂ ရွာ၊ ဆိုလာစနစ်ဖြင့် ၅ ရွာ၊ ရေအားစနစ်ဖြင့် ၂၆ ရွာတို့အား  နည်းလမ်းအမျိုးမျိုးဖြင့် လျှပ်စစ်မီးများ သုံးစွဲနေကြောင်း သိရသည်။

ထိုသို့သုံးစွဲလျက်ရှိရာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၏ စီစဉ်မှုဖြင့် မြို့နယ်များမှ တာဝန်ရှိသူများသည် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေး ကျေးရွာများသို့ ကွင်းဆင်း၍ ဟောပြောပွဲများ ပြုလုပ်ကာ အသိပညာပေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်