ဇီးကုန်း ၉ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ ရက်နံနက် ၁၀ နာရီခွဲက ဘုရားကြီးကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ ကြားစု၊ ဂွေးပင်ကုန်း၊ ဘုရားကြီးကုန်း၊ ပေါင်ကြီး ကျေးရွာမှ သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရသည်။
သင်တန်းကာလ တစ်လတာ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ဇီးကုန်းမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သစ်နဖားကျေးရွာတွင်တစ်ကြိမ်၊ ထန်းတပင်ကျေးရွာတွင်တစ်ကြိမ် ဖွင့်လှစ်သင်ကြား ပေးခဲ့ကာ ယခုအခါ ဘုရားကြီးကုန်းကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေး ခြင်းဖြစ်သည်။
ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို၌ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။
တင့်ဆွေ(ဇီးကုန်း)
