ချောက် ၉ ဇန်နဝါရီ
ကိုရီးယားနိုင်ငံ Chonbuk National University ကျောင်းသား ကျောင်းသူများက ချောက်မြို့နယ် ကျောက်တန်းကျေးရွာမှ အခြေခံပညာမူလတန်းလွန် ကျောင်းအတွက် သနပ်ခါးပင် ၂၅၀ဝ နှင့် သင်ထောက်ကူပန်းချီကားများ ကူညီထောက်ပံ့မှုကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
Chonbuk National University ကျောင်းသား ကျောင်းသူများသည် ချောက်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ သွားရောက်၍ မြို့နယ်ဦးစီးမှူးနှင့် တွေ့ဆုံကာ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးနှင့်သက်ဆိုင်သော အချက်အလက်များကို ဆွေးနွေးမေးမြန်းမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ဆိုသည်။
၂၀၁၈ခု ခုနှစ်အတွင်း Green Asia Network ကိုရီးယားနိုင်ငံ အခြေစိုက် K water အဖွဲ့ကလည်း ကျောက်တန်းကျေးရွာ၌ ကျောင်းဆောင်များ ပြုပြင်ပေးခြင်း၊ ကျောင်းဝင်းအတွင်း သနပ်ခါးပင်များ စိုက်ပျိုးပေးခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)