ဗန်းမောက် ၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် အလယ်ကန် ကျေးရွာအနီး၊ တောအတွင်းမှ ကျွန်းသစ်လုံးများနှင့်အတူ တရားမဝင် သစ်ခွဲစက်တစ်လုံး ဖမ်းမိခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကို ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဗန်းမောက်မြို့နယ် အလယ်ကန်ကျေးရွာအနီး တောအတွင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ တရားမဝင်ကျွန်းသစ်လုံ ၄၃ လုံး၊ ၁၀ ဒဿမ ၁၃၄ တန်၊ ကျွန်းခွဲသား ၁၁၅ ချောင်း၊ ၁ ဒဿမ ၅၀၆၄ တန်နှင့် အင်ဂျင် ၂၂ ကောင် သစ်ခွဲစက်တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လူအောင်(ကသာ)
