ပဲခူး ၉ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် ဘုရားကြီးမြို့ အမှတ် (၃၁) စက်မှုလယ်ယာစခန်းအတွင်းရှိ စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း (အောက်မြန်မာပြည်) သို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း (အောက်မြန်မာပြည်) ရှိ သင်ကြားရေးနှင့် အထောက်အကူပြု စက်ကိရိယာများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ဘုရားကြီးမြို့  စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း (အောက်မြန်မာပြည်) ခေတ္တ ကျောင်းအုပ်ကြီး၊ ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သိန်းက ရှင်းလင်းတင်ပြခဲ့သည်။

ဝန်ကြီးချုပ်မှ သင်တန်းကျောင်း၏ ရည်မှန်းချက်၊ စက်မှုလယ်ယာဦးစီးဌာန၏ ရည်မှန်းချက်များအတိုင်း  အရည်အသွေး၊ အရည်အချင်းပြည့်ဝသော သင်တန်းသား ဝန်ထမ်းကောင်း၊ လုပ်သားကောင်းများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါသင်တန်းကျောင်းအား ၂၀ဝ၁ ခုနှစ် သြဂုတ်  ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စိတ်ဓာတ်ကောင်းမွန်၍ စည်းကမ်းကျနပြီး အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာ လုပ်သားကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် ကြံသီးနှံ ထွန်ယက်ရေး ကြီးကြပ်ဝန်ထမ်း သင်တန်း၊ ထွန်စက်မောင်းသင်တန်း၊ ထွန်စက်မောင်း မွမ်းမံသင်တန်း၊ ထွန်စက်စခန်း ကြီးကြပ်မှုသင်တန်း၊ လယ်ယာသုံးကိရိယာ ကိုင်တွယ်အသုံးချမှု နည်းပြသင်တန်း၊  ထွန်စက်မောင်း/ စက်မောင်းကျွမ်းကျင်မှု စစ်ဆေးလေ့ကျင့်ရေး သင်တန်း၊ ထွန်စက်မောင်း သင်တန်း (တပ်မတော်)၊ ထွန်စက်မောင်းသင်တန်း (အရပ်ဖက်)၊ လယ်ယာသုံး စက်ကိရိယာနည်းပြ သင်တန်း၊ စပါးထွန်ယက် စိုက်ပျိုးရေး အထူးသင်တန်း၊ ထွန်စက်မောင်း/ပြင်သင်တန်း၊ လယ်ယာသုံး စက်ကိရိယာ နည်းပြသင်တန်း၊ ဒုတိယဦးစီးမှူးလောင်း သင်တန်း၊ လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်တပ်ဆင်ရေးသင်တန်း၊ ပစ္စည်းထိန်း (Trade) ပြောင်းသင်တန်း၊ စက်ကိုင်သင်တန်း၊ စက်ကိုင်နှင့်သံရည်ကြိုသင်တန်း၊ စပါးစိုက်ပျိုးရေး အထူးသင်တန်း၊ လယ်ယာထွန်စက် ပြုပြင်ထိန်းသိမ်းရေးသင်တန်း၊ စက်မှုလယ်ယာ ကူးပြောင်းရေး အရှိန်အဟုန်မြင့် သင်တန်း၊ အခြေခံဝန်ထမ်း မွမ်းမံသင်တန်း၊ ပစ္စည်းထိန်း အခြေခံသင်တန်း၊ လယ်ယာထွန်စက် ဘက်စုံကျွမ်းကျင်မှု သင်တန်း (ကျေးလက်)၊ ကောက်စိုက်စက် ကျွမ်းကျင်မှုသင်တန်း၊ အခြေခံစာရေးဝန်ထမ်း သင်တန်း၊ ပစ္စည်းထိန်း မွမ်းမံအဆင့်မြင့် သင်တန်း၊ ရိတ်သိမ်းခြွေလှေ့ထိန်း/ ပြုပြင်သင်တန်း၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်း (တောင်သူ)၊ ထွန်စက်ပြင်ဆင် ထိန်းသိမ်းခြင်း သင်တန်း စသည့်သင်တန်းများ ဖွင့်လှစ်ကာ သင်တန်းသား/သူများအား လေ့ကျင့်သင်ကြားရေးဌာနခွဲမှ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)

 

mdn