ကနီ ၉  ဇန်နဝါရီ

အလောင်းတော်ကဿပစံကျောင်းတော် တောင်ခြေမော်တော်ယာဉ်ရပ်နားစခန်းမှ စံကျောင်းတော်သို့  သွားရောက်သည့် အကွာအဝေး တစ်မိုင်အရှည်ရှိ တောင်တက်ခရီးစဉ်အား ဆင်စီး တက်ရောက်လိုသူများအတွက် ဆင်ကောင်ရေ ၂ဝ ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၏ ပြောကြားချက်အရ သိရသည်။

 

mdn

 

''သက်ကြီးအဘိုး၊ အဘွားတွေ၊ အဝလွန်သူတွေ၊ ကလေးငယ်တွေကို ဦးစားပေးပြီး တစ်မိုင်အရှည်ရှိတဲ့ တောင်တက်ခရီးစဉ်ကို ဆင်စီးပြီး သွားနိုင်ဖို့အတွက် အမျိုးသားဥယျာဉ်က ဆင် ၁ဝ ကောင်၊ သစ်တော ဦးစီးဌာနက ၁ဝ ကောင်နဲ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် တစ်ရက်ကိုနှစ်ကြိမ် အသွား/ပြန် ပို့ဆောင်ပေးနေပါတယ်။ နောက်ပိုင်းမှာလည်း ဘုရားပွဲအမီ ဆင်တွေထပ်ရောက်လာအုံးမှာပါ'' ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးဦးမောင်မောင်နိုင်က ပြောသည်။

ဆင်စီးခအဖြစ် ယာဉ်ရပ်နားစခန်းမှ အလောင်းတော်ကဿပ စံကျောင်းတော်သို့ ဆင်အကောင် အရွယ်အစားအလိုက် အသွားတစ်ခေါက်လျှင်  ၄ ယောက်စီး  ၃ ယောက်စီး၊  ၂ ယောက်စီး ဆင်တစ်ကောင် ၈ ထောင်ကျပ်နှုန်းဖြင့် လည်းကောင်း၊ နံနက် ၆ နာရီကနေ ၁၁ နာရီထိတစ်ကြိမ်၊ ညနေ ၃ နာရီကနေ  ၆ နာရီထိတစ်ကြိမ် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

 

mdn