၉ ဇန်နဝါရီ
မကြာသေးမီက ဂျပန်ကုမ္ပဏီတစ်ခု၏ ပိုင်ဆိုင်မှုကိုသိမ်းဆည်းရန် တောင်ကိုရီးယား တရားရုံးက အမိန့်ထုတ်ခဲ့မှု နှင့်ပတ်သက်၍ဆွေးနွေးရန် ၁၉၆၅ခုနှစ်တွင် ချုပ်ဆိုခဲ့သော နှစ်နိုင်ငံသဘောတူညီချက်အပေါ် အခြေခံ၍ ဆွေး နွေးမှုများပြုလုပ်ရန် တောင်ကိုရီးယားနိုင်ငံကို မေးမြန်းရန် အစိုးရက စီစဉ်နေသည်ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီးဟီဒါ ဆူဂါက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံရှိ ခရိုင်တရားရုံးတစ်ရုံးက Nippon Steel & Sumitomo Metal က ထိန်းချုပ်ထားသော ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းဆည်းရန်အတည်ပြုပြီးနောက် ဆူဂါက အဆိုကမှတ်ချက်စကားကို ယနေ့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလအတွင်း တောင်ကိုရီးယား ထိပ်တန်းတရားရုံးတစ်ခုက စစ်အတွင်းအလုပ်သမားများအတွက် လျှော်ကြေးငွေပေးဆောင်ရန် ဂျပန်ကုမ္ပဏီတစ်ခုကို အမိန့်ချမှတ်ခဲ့သည်။
တောင်းဆိုချက်များကို နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ နဂိုအတိုင်းပြန်လည်စတင်ခဲ့သည့် ၁၉၆၅ ခုနှစ်တွင် ဖြေရှင်းပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်