မင်္ဂလာဒုံ ၉ ဇန်နဝါရီ 


ဇန်နဝါရီ ၄ ရက်နှင့် ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၌ အသက် (၈၅) နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင်များ ထောက်ပံပေးအပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ယခင် အသက် (၉၀) နှစ်အထက် သက်ကြီး ဘိုး/ဘွားများကို ထောက်ပံ့ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလမှစ၍ အသက် (၈၅) နှစ်အထက် ဘိုး/ဘွားများအား အသက်လျှော့ပေါ့၍ တစ်ဦးလျှင် တစ်လ ငွေကျပ်တစ်သောင်းနှုန်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်က မင်္ဂလာဒုံမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ရပ်ကွက်ကျေးရွာ NLD ပါတီဝင်များနှင့် အုပ်ချုပ်ရေးမှူးများကလည်းကောင်း၊  ဇန်နဝါရီလ ၇ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး၊ ရပ်ကွက်ကျေးရွာ NLD ပါတီဝင်များနှင့် အုပ်ချုပ်ရေးမှူးများကလည်းကောင်း အသက် (၈၅) နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင်များ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။


စိုင်းကိုကို(ပြန်/ဆက်)

 

mdn