၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး စလင်းမြိုနယ်တွင် ဇန်နဝါရီ ၆ ရက်မှ စတင်၍ အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ခင်းများ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးလေဝသဌာနမှ ကြိုတင်သတင်းများအရ လယ်သမားအများစုမှာ ရိတ်သိမ်း ချွေစက်ကြီးများကို တွင်ကျယ်စွာ အသုံးပြုဆောင်ရွက်သဖြင့် ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ပျက်စီးမှု နည်းပါးခဲ့ကြောင်းနှင့် ရိတ်သိမ်းသယ်ဆောင်ရန် နောက်ကျသော တောင်သူများသာ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ယခုနှစ်တွင် စိုက်ပျိုးစရိတ် ချေးငွေအဖြစ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၁ ဧက လျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု ၁၈ အုပ်စု စိုက်ဧက ၁၀၃၀ဝ၊ တောင်သူ ၂၂၆၂ ဦးအား စုစုပေါင်းချေးငွေ သိန်း ၁၁၀ဝ၀ ထုတ်ချေးထားကာ အဆိုပါ ချေးငွေများအား ၂၀၁၈ ဒီဇင်ဘာလကုန်မှစတင်၍ ပြန်ဆပ်ရမည်ဖြစ်သည်။
ချေးငွေများအား ၂၀၁၉ ဇန်နဝါရီလ ၈ ရက်အထိ ၃ ရာခိုင်နှုန်းကျော် ပြန်လည်ပေးဆပ်ပြီးကြောင်းနှင့် မတ်လတွင် အကြေပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာဦးအေးကျော်ထံမှ သိရသည်။
စစ်ကြည်(စလင်း)