ပဲခူး ၉  ဇန်နဝါရီ 


ပဲခူးမြို့နယ် ဘုရားကြီးမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ရွှေမင်းဂံ၌ ဝိသာခါ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ် လှူဒါန်းပွဲ အခမ်းအနား ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။ 

 

mdn

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မေသက်နွယ်နှင့် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်တို့က ဝိသာခါကျောင်းဆောင်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ 

ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဝိသာခါ ကျောင်းဆောင် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်က ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား မတည်အလှူရှင်က ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာမကြီး ဒေါ်မေသက်နွယ်ထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းပေးသော အလှူရှင်များအား ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီးနောက် ကျောင်းအကျိုးတော်ဆောင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

mdn

 

အဆိုပါ ဝိသာခါကျောင်းဆောင်သည် အလျား(၇၅) ပေ၊ အနံ(၃၀)ပေရှိ RC တစ်ထပ် အဆောက်အဦဖြစ်ပြီး ဘုရားကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူ း ဦးလွင်ဖြိုး အောင်၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန် နှင့် အလှူရှင်များ၊ ကျောင်းသားမိဘများ စုပေါင်းလှူဒါန်းသော အလှူငွေ ကျပ် (၂၄၈) သိန်းကျော်ဖြင့် ကျောင်းဆောင် သစ် ဆောက်လုပ်နိုင်ရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး) 

 

mdn