ကံမ    ၉  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာများလျှပ်စစ်မီးလင်းရန်ဆောင်ရွက်ရေး ချပြရှင်းလင်း ဆွေးနွေးခြင်းကိုကျောက်ပဒေါင်းကျေးရွာ၊ လင်းကျေးရွာ၊ ကျောက်စောင်းကျေးရွာ နှင့် သီးကုန်းကျေးရွာတို့တွင် ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲများတွင် မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က မီးလင်းရေးဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးခဲ့ပြီးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်သူများ၏  သိရှိလိုသည့် မေးမြန်းမှုများအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)